You are here

ဘာ SIM ကတ်၊ ဘာ အင်တာနက်မှမလိုဘဲ ဖုန်းပြောနိုင်မယ့် Oppo MeshTalk

Mobile
Technology

5G ကြောင့် စမတ်ဖုန်းကုမ္ပဏီတွေ၊ ကယ်ရီယာတွေဘဲ ထောလာတော့မှာ ဖြစ်ပါတယ်။ အင်တာနက်လိုင်းမြန်နှုန်း မြင့်မားလာမှုနှင့်အတူ အသုံးပြုသူတွေကတော့ အင်တာနက်ဒေတာဖိုးတွေ သောက်သောက်လဲကုန်လာတော့မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Oppo က အသုံးပြုသူများအတွက် ငွေကြေးချွေတာနိုင်မယ့် နည်းပညာသစ်တစ်ခုကို ဖန်တီးလာပါတယ်။ Oppo ဟာ Wi-Fi ၊ Bluetooth ၊ အင်တာနက်စတဲ့ ဘာချိတ်ဆက်မှုမှ မလိုဘဲ ၃ ကီလိုမီတာအတွင်းမှာ ဖုန်းပြောနိုင်မယ့်၊ မက်ဆော့ခ်ျပို့နိုင်မယ့်၊ အသံမက်ဆော့ခ်ျပို့နိုင်မယ့် MeshTalk လို့ အမည်ပေးထားတဲ့ နည်းပညာသစ်တစ်ခုကို ကြေညာလာပါတယ်။

MeshTalk က Walkie Talkie ကို အဆင့်မြင့်ထားတဲ့ စနစ်ဆိုရင်လည်း မမှားပါဘူး။ MeshTalk က ပါဝါသုံးစွဲမှုလည်း နည်းပါးကာ Standby ၇၂ နာရီအထိ စမတ်ဖုန်းတွေ သုံးနိုင်အောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် အရေးပေါ်ကာလမျိုးမှာ အလွန်အသုံးဝင်လာမယ့်အပြင် အသုံးပြုသူများအနေဖြင့် ဖုန်းဘေလ်လည်း သက်သာလာမှာ သေချာပါတယ်။

ဒါပေမယ့် MeshTalk က အထူးဖန်တီးထားတဲ့ Chipset ဖြင့် လုပ်ဆောင်လာမယ့်စနစ်ဖြစ်တာကြောင့် ယင်း Chipset ပါဝင်တဲ့ Oppo စမတ်ဖုန်းတွေမှာဘဲ အသုံးပြုနိုင်တဲ့စနစ် ဖြစ်လာဖို့ ရှိပါတယ်။

လက်ရှိအချိန်မှာ MeshTalk ကို ဘယ် Oppo စမတ်ဖုန်းမှာ စတင် ပါဝင်လာမလဲဆိုတာ မသိရသေးပါဘူး။

Related Articles