You are here

W စီးရီးသစ်များအဖြစ် W10 ၊ W30 နှင့် W30 Pro တို့ကို LG ကြေညာ

Mobile
Technology

LG ဟာ W စီးရီးဖုန်းသစ်များကို ကြေညာလာပါတယ်။ LG W စီးရီးဖုန်းသစ်များကို ပထမဆုံး ရောင်းချလာမယ့် ဈေးကွက်ကတော့ လက်ရှိ စမတ်ဖုန်းလောကမှာ အတိုးတက်နှင့် အကြီးထွားဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်ပြီး စမတ်ဖုန်းကုမ္ပဏီတိုင်း မျက်စိကျနေတဲ့ အိန္ဒိယဈေးကွက် ဖြစ်ပါတယ်။

LG က ကြေညာလာတဲ့ဖုန်းများကတော့ W10 ၊ W30 နှင့် W30 Pro ဖြစ်ပါတယ်။ ဖုန်းသုံးမျိုးလုံးမှာ ဘက်ထရီ 4000 mAh ၊ Android Pie ၊ Octa-Core Chipset ၊ လက်ဗွေရာစနစ်၊ Face Unlock စနစ်တို့ ပါဝင်ပါတယ်။

LG W10 မှာ မျက်နှာပြင် ၆.၁၉ လက်မ 1512x720px FullVision ရုပ်ထွက်သုံးထားပါတယ်။ Notch မှာ ရှေ့ကင်မရာ 8MP ပါဝင်ပါတယ်။

MediaTek Helio P22 Chipset ၊ RAM3GB နှင့် ပါဝါထောက်ပံ့ထားကာ Storage 32GB ပါဝင်ပါတယ်။ microSD မှ တဆင့် ထပ်မံတိုးမြှင့်နိုင်ပါသေးတယ်။ ကျောဘက်ကင်မရာနှစ်လုံးပါဝင်ပြီး 13MP+5MP ဖြစ်ပါတယ်။

LG W10 ကို ဈေးနှုန်း ဒေါ်လာ ၁၃၀ သတ်မှတ်ထားပြီး Smokey Grey ၊ Tulip Purple အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။

LG W30 မှာ မျက်နှာပြင် ၆.၂၆ လက်မ 1520x720px FullView IPS LCD ရုပ်ထွက်သုံးထားပြီး Waterdrop Notch မှာ ရှေ့ကင်မရာ 16MP ပါဝင်ပါတယ်။

MediaTek Helio P22 ၊ RAM3GB နှင့် အထိုင်ချထားကာ Storage 32GB ပါဝင်ပြီး MicrosSD မှ ထပ်တိုးနိုင်ပါတယ်။

ဒီဖုန်းမှာ ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပြီး 12MP Sony IMX486+13MP( ၁၀၀ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်)+2MP (Depth) တို့ ဖြစ်ပါတယ်။

LG V30 ကို ဈေးနှုန်း ဒေါ်လာ ၁၄၇ သတ်မှတ်ထားပါတယ်။ Thunder Blue ၊ Platinum Grey အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဇူလိုင်လ ၃ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

LG W30 Pro က W10 ၊ W30 တို့နှင့်အတူ ရောင်းချလာမှာ မဟုတ်ပါဘူး။ ဈေးနှုန်းကိုလည်း မသိရသေးပါဘူး။

ဒီဖုန်းကို Snapdragon 632 ၊ RAM4GB နှင့် ပါဝါထောက်ပံ့ထားပါတယ်။  မျက်နှာပြင် ၆.၂၂ လက်မ FullVision V ရုပ်ထွက်သုံးထားပြီး Notch မှာ ရှေ့ကင်မရာ 16MP ပါဝင်ပါတယ်။

ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပြီး 13MP+8MP (၁၀၀ ဒီဂရီမြင်ကွင်းကျယ်)+5MP (Depth) တို့ ဖြစ်ပါတယ်။

 

Related Articles