You are here

Asus ROG Phone ကို ဇူလိုင်လ ၂၃ ရက်တွင် ကြေညာမည်

Gadgets
Gaming
Mobile
Technology

ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ကျင်းပတဲ့ Computex မှာ Asus ဟာ သူတို့ရဲ့ ပထမဆုံး ဂိမ်းစမတ်ဖုန်း ROG Phone ကို ကြေညာခဲ့ပါတယ်။ Asus ROG Phone က ၂၀၁၈ ခုနှစ်ထွက် ဂိမ်းစမတ်ဖုန်းတွေထဲမှာ အကောင်းဆုံး ဂိမ်းစမတ်ဖုန်းအဖြစ် သတ်မှတ်ခံသလို ဈေးနှုန်းကလည်း အမြင့်မားဆုံးဖြစ်ပါတယ်။ မကြာသေးမီကာလတုန်းက Asus က Asus ROG Phone 2 ကို တရုတ်ထိပ်သီးဂိမ်းကုမ္ပဏီ Tencent Games နှင့် ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ယင်းနောက်ပိုင်းမှာ Asus က ROG Phone 2 မှာ 120Hz Refresh Rate ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်မှာ 120Hz Refresh Rate ပါဝင်တဲ့ စမတ်ဖုန်းများအဖြစ် Razer Phone ၊ Razer Phone 2 တို့ဘဲ ရှိပါတယ်။ မကြာသေးမီက ထွက်ခဲ့တဲ့ OnePlus 7 Pro မှာ 90Hz ပဲ ပါဝင်ပါတယ်။

ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Asus ဟာ ROG Phone 2 ကို လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဘေဂျင်းမှာ မိတ်ဆက်မယ်လို့ သိရပါတယ်။ ၎င်းတို့ဟာ ရှန်ဟိုင်းမှာ ကျင်းပမယ့် ChinaJoy နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Asus ဟာ ယခုနှစ်မှာ ROG Phone 2 ကို ဗားရှင်းနှစ်မျိုးနှင့် ထုတ်လုပ်ရောင်းချလာမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အတည်တော့ မပြုနိုင်သေးပါဘူး။

Related Articles