You are here

၁၂.၃ လက်မရှိ လိပ်နိုင်တဲ့ ရုပ်ထွက်ကို ပြသလာတဲ့ BOE

Gadgets
Science
Technology

BOE က တရုတ်ထိပ်သီး ရုပ်ထွက်ကုမ္ပဏီ ဖြစ်ပါတယ်။ Samsung ရဲ့ အဓိက ပြိုင်ဘက်မဖြစ်သေးပေမယ့်လည်း မဝေးတော့တဲ့ကာလအတွင်းမှာ အဓိကပြိုင်ဘက် ဖြစ်လာမယ့် ရုပ်ထွက်ကုမ္ပဏီအဖြစ် တစ်ပေးခြင်းခံနေရတဲ့ ကုမ္ပဏီဆိုရင်လည်း မမှားပါဘူး။ ၎င်းတို့ဟာ LCD အပြင် OLED ရုပ်ထွက်များကိုလည်း ထုတ်လုပ်နိုင်ပြီး Huawei P30 Pro အတွက် ထုတ်လုပ်ပေးထားပါတယ်။

BOE ဟာ အခု ရုပ်ထွက်နည်းပညာကို နောက်တစ်ဆင့်တစ်ဆင့်အထိ ဖန်တီးထားနိုင်ပြီလို့ ယူဆရပါတယ်။ BOE ဟာ လိပ်နိုင်တဲ့အထိ ပျော့ပျောင်းတဲ့ ရုပ်ထွက်ကို ဖန်တီးလိုက်နိုင်ပြီ ဖြစ်ပါတယ်။

BOE ရဲ့ လိပ်နိုင်တဲ့ ရုပ်ထွက်က ဖြန့်ထားချိန်မှာ ၁၂.၃ လက်မအထိ ရှိပြီး မလိပ်ထားချိန်မှာ ၇ လက်မ Tablet လိုမျိုး သုံးနိုင်ပါမယ်။ လက်ရှိအချိန်မှာ ပုံကြမ်းအဆင့်မှာဘဲ ရှိပါသေးတယ်။ BOE ဟာ Touch မထည့်သွင်းရသေးပါဘူး။ ဒါကြောင့် ၎င်းတို့အနေဖြင့် ယခု ဖန်တီးထားတဲ့ ရုပ်ထွက်ကို ဈေးကွက်မှာ ရောင်းချနိုင်ဖို့အတွက် နောက်ထပ်များစွာ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ LG ကလည်း လိပ်နိုင်တဲ့ ရုပ်ထွက်ကို ဖန်တီးထားနိုင်ပြီဖြစ်ပါတယ်။ LG ဟာ CES 2019 တုန်းက လိပ်နိုင်တဲ့ တီဗွီပုံကြမ်းကို ပြသခဲ့ကာ ပွဲသို့ လာရောက်သူအားလုံးရဲ့ စိတ်ဝင်စားမှု ခံခဲ့ရပါတယ်။

BOE ဟာ လိပ်နိုင်တဲ့ ရုပ်ထွက်အပြင် ခေါက်နိုင်တဲ့ ရုပ်ထွက်ကိုလည်း ပြသခဲ့ပါတယ်။ BOE ရဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်က ဖြန့်ထားချိန်မှာ ၇ လက်မ Tablet အဖြစ် သုံးနိုင်မှာ ဖြစ်ပြီး ခေါက်ထားချိန်မှာ ၆ လက်မ စမတ်ဖုန်းအဖြစ် အသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် BOE ဟာ ကားဒက်ရှ်ဘုတ်ရုပ်ထွက်ကိုလည်း ပြသခဲ့ပါသေးတယ်။

Related Articles