You are here

၂၀၂၁ ခုနှစ်တွင် မောင်းသူမဲ့ကား ထုတ်လုပ်ရောင်းချလာဖို့ ရှိနေတဲ့ Huawei

Huawei
Science
Technology

ယခုတစ်လတာ ကာလအတွင်း နည်းပညာလောကရဲ့သတင်းတွေမှာ Huawei က ခေါင်းကြီးပိုင်းတွေကိုပဲ နေရာယူထားပါတယ်။ Huawei အတွက်ကော Huawei ချစ်သူတွေအတွက်သာမက စမတ်ဖုန်းလောကအ တွက်ပါ ကောင်းသတင်းတွေတော့ မဟုတ်ပါဘူး။ Huawei ကို အမေရိကန်က စီးပွားရေးပိတ်ပင်လိုက်မှု ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပိတ်ပင်လိုက်မှုကြောင့် Huawei ဟာ Google Android လိုင်စင်ရပ်ဆိုင်းခြင်းခံရပြီး Huawei ရဲ့ စမတ်ဖုန်းရောင်းအားအပေါ် အကြီးအကျယ် ရိုက်ခတ်မှု ရှိနေပါတယ်။

Huawei ဟာ စမတ်ဖုန်းဈေးကွက်မှာ ထိပ်သီးသုံးခုစာရင်းဝင်နေတာနဲ့အညီ အလွယ်တကူအလျှော့ပေးမှာ မဟုတ်ဘဲ ကိုယ်ပိုင် OS သုံးပြီး စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချသွားဦးမှာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ Huawei ဟာ စမတ်ဖုန်းအပြင် အခြားဈေးကွက်များသို့လည်း ထိုးဖောက်ဝင်ရောက်ဖို့ လုပ်ဆောင်နေပါတယ်။

Huawei ဟာ မောင်းသူမဲ့ကားထုတ်လုပ်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ Financial Times ရဲ့ ဖော်ပြမှုအရ Huawei မောင်းသူမဲ့ကားကို ၂၀၂၁ ခုနှစ်မှာ ကြေညာရောင်းချလာနိုင်ကြောင်း သိရပါတယ်။

Huawei  ဟာ မောင်းသူမဲ့ကားထုတ်လုပ်နိုင်ရေးအတွက် Audi ၊ Toyota အစရှိတဲ့ ထိပ်သီးကားကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် (သို့မဟုတ်) ၂၀၂၂ ခုနှစ်မှာ စတင်ရောင်းချသွားဖို့ မျှော်မှန်းထားကြောင်း Huawei ရဲ့ Chief Strategy Architech ဖြစ်တဲ့ ဒေါင်ဝမ်ချွန်းက ပြောကြားသွားပါတယ်။

Huawei ဟာ သူတို့ရဲ့ မောင်းသူမဲ့ကားကို တရုတ်ဈေးကွက်မှာသာမက ဥရောပဈေးကွက်မှာလည်း ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။

လက်ရှိအချိန်မှာ Google ၊ Uber ၊ Apple တို့ကလည်း မောင်းသူမဲ့ကားများ ထုတ်လုပ်နိုင်ဖို့ ကြိုးစားလျက်ရှိကြပါတယ်။

Related Articles