You are here

၂၀၂၀ ခုနှစ်မှ စတင် စမ်းသပ်ပျံသန်းမယ့် Uber ရဲ့ လေယာဉ်တက္ကစီ

Apps
Mobile
Science
Technology
World

Uber ဟာ ခရီးသည်များကို ကားပိတ်မှုပြဿနာမကြုံဘဲ လိုရာ ခရီးကို အမြန်ဆုံးရောက်စေမယ့် အနာဂတ် လေယာဉ်တက္ကစီကို ပြသလာပါတယ်။

UberAIR ၀န်ဆောင်မှုမှာ လျှပ်စစ်ဂျက်အင်ဂျင်သုံး လေယာဉ်များဖြင့် ခရီးသည်များကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Uber လေယာဉ်တက္ကစီများက ဟယ်လီကော်ပတာ၊ ဒရုန်းတို့ ပေါင်းစပ်ဖန်တီးထားတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

Uber လေယာဉ်တက္ကစီကို Boeing အပါအ၀င် အခြားကုမ္ပဏီပေါင်းများစွာတို့နှင့် ဖန်တီးထားတာ ဖြစ်ပြီး ဟယ်လီကော်ပတာတစ်စီးလို ဆင်းသက်လို့ရတာကြောင့် ဘယ်နေရာမျိုးမှာမဟုတ်ဆို ဆင်းသက်နိုင်ပါမယ်။

ခရီးသည်များအနေဖြင့် စမတ်ဖုန်း App မှ တဆင့် အော်ဒါတင်ရမှာ ဖြစ်ပါတယ်။ Uber လေယာဉ်တက္ကစီမှာ ခရီးသည်လေးဦးလိုက်ပါ နိုင်မှာဖြစ်ပါတယ်။ လေယာဉ်တက္ကစီက ခရီးဝေးများကို လိုက်လံပို့ဆောင်ပေးနိုင်မှာ မဟုတ်ဘဲ တစ်နာရီအောက် ခရီးစဉ်များကိုသာ ပို့ဆောင်ပေးနိုင်ပါမယ်။ လေယာဉ်နောက်ခန်းမှာ ခရီးသည်ရဲ့ ပစ္စည်းများ ထည့်နိုင်ဘဲ အခန်းငယ်လေးတစ်ခု ပါဝင်ပါတယ်။

လေယာဉ်တက္ကစီခမှာ ဒေါ်လာ ၆၀ ၀န်းကျင်ကျသင့်မှာ ဖြစ်ပြီး ပုံမှန်တက္ကစီထက် ဒေါ်လာ ၂၀ ပိုပေးရမှာ ဖြစ်ပါတယ်။

Uber လေယာဉ်တက္ကစီကို လာမယ့်နှစ် ၂၀၂၀ မှ စတင်ပြီး စမ်းသပ်ပြေးဆွဲမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ခရီးသည်များကို စတင် ပို့ဆောင်ပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ ၎င်းတို့အနေဖြင့် တက္ကစီလေယာဉ်ပြေးဆွဲခွင့်ရရေးအတွက် အစိုးရနှင့် လေယာဉ်အာဏာပိုင်တို့ရဲ့ ထောက်ခံများလည်း ရယူရဦးမှာ ဖြစ်ပါတယ်။

Related Articles