You are here

iPhone XR 2019 တွင် iPhone XR ထက် ဘက်ထရီ ၅ ရာခိုင်နှုန်း ပိုများလာမည်

Apple
Mobile
Technology

iPhone XR က ၂၀၁၈ ခုနှစ်ထွက် iPhone တွေထဲမှာ ဈေးနှုန်းအသက်သာဆုံး iPhone ဖြစ်ပါတယ်။ ဒါပေမယ့် iPhone XR က တန်ဖိုးကြီးဖုန်းများဖြစ်တဲ့ iPhone XS ၊ iPhone XS Max တို့ထက် အားသာချက် အချို့ရှိပါတယ်။ iPhone XR ရဲ့ အားသာချက်ကတော့ ဘက်ထရီအသုံးခံတဲ့အချက်နှင့် အရောင်များစွာနှင့် ရွေးချယ်နိုင်တဲ့ အချက် ဖြစ်ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ iPhone XR 2019 (iPhone XR 2)မှာ ယခင်ထက် ဘက်ထရီပိုကောင်းလာမယ်လို့ သိရပါတယ်။ iPhone XR 2019 မှာ iPhone XR ထက် ဘက်ထရီ ၅ ရာခိုင်နှုန်းပိုများလာမယ်လို့ သိရပါတယ်။ iPhone XR မှာ ဘက်ထရီ 2942 mAh ပါဝင်တာ ဖြစ်ပြီး iPhone XR 2019 မှာ ဘက်ထရီ 3110 mAh ပါဝင်လာပါမယ်။ 

Apple ဟာ iPhone XR 2019 မှာ ဒုတိယမျိုးဆက် 7nm Process Chipset ဖြစ်တဲ့ A13 Chipset သုံးလာမှာ ဖြစ်ပြီး ဘက်ထရီ ပိုမိုအသုံးခံလာမှာ ဖြစ်ပါတယ်။ iPhone XR က ဗီဒီယိုကြည့်မှုကို ၁၅ နာရီအထိ ပြုလုပ်နိုင်ခဲ့ပြီး iPhone XR 2019 က ယင်းထက် ပိုကြည့်လာနိုင်ဖို့ ရှိပါတယ်။

Related Articles