You are here

Y7 Pro (2018) နှင့် ဈေးနှုန်း တူပေမယ့် ဒီဇိုင်းပိုင်း၊ စနစ်ပိုင်း၊ စွမ်းဆောင်ရည်ပိုင်း များစွာ သာလွန်ကောင်းမွန်နေတဲ့ Huawei Y7 Pro (2019)

Mobile
Huawei
Technology

Huawei က ပြည်တွင်းဈေးကွက်မှာ စမတ်ဖုန်းသစ်တွေ တောက်လျှောက်ကြေညာ ရောင်းချလျက်ရှိပါတယ်။ Huawei P30 Pro ၊ Huawei P30 တို့လို အဆင့်မြင့် စမတ်ဖုန်းကနေ တန်ဖိုးသင့် စမတ်ဖုန်းတွေအထိ ဖြစ်ပါတယ်။ Huawei က ယခုနှစ်မှာ ရောင်းချလာတဲ့ ဖုန်းတွေထဲမှာ ဖုန်းမှာ သုံးထားတဲ့စနစ်နှင့် နှိုင်းယှဉ်ရင် ဈေးနှုန်းသက်သာတယ်လို့ ပြောလို့ရတဲ့ ဖုန်းတွေ အများကြီးပါ။ ယင်းအထဲမှာ အလယ်အလတ်တန်း စမတ်ဖုန်း Huawei P30 Lite လည်း ပါဝင်ပါတယ်။ အခု ညွှန်းမယ့် စနစ်က အဆင့်မြင့် စမတ်ဖုန်းမဟုတ်သလို အလယ်အလတ်တန်း စမတ်ဖုန်းလည်း မဟုတ်ပါဘူး။ တန်ဖိုးသင့် စမတ်ဖုန်း ဖြစ်ပါတယ်။

Huawei Y7 Pro (2019) ဖြစ်ပါတယ်။ Huawei Y7 Pro (2019) ကို ဈေးနှုန်း မြန်မာကျပ်ငွေ ၂၃၀၀၀၀ ဖြင့် ရောင်းချနေပါတယ်။ Huawei Y7 Pro မှာ ထူးခြားချက်တွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်တုန်းက ရောင်းချတဲ့ Huawei Y7 Pro (2018) နှင့် နှိုင်းယှဉ်ရင် ယခုနှစ်မော်ဒယ်က ဈေးနှုန်း တူညီပေမယ့် နေရာတိုင်းမှာလိုလို အဆင့်မြင့်ထားပါတယ်။ ဒါကြောင့်လည်း အထူးတန်တဲ့ ဖုန်းကောင်းတစ်လုံးလို့ ဆိုချင်တာလည်း ဖြစ်ပါတယ်။

ဒီဇိုင်းနှင့် ရုပ်ထွက်

ယမန်နှစ်ထွက် Huawei Y7 Pro (2018) က ပြီးခဲ့တဲ့နှစ် အချိန်အခါတုန်းက တန်ဖိုးသင့် စမတ်ဖုန်းဈေးကွက်မှာ ရွေးချယ်ဖို့အကောင်းဆုံး စမတ်ဖုန်းစာရင်းဝင်ခဲ့ပါတယ်။ အခု Update လုပ်ဆောင်ထားတဲ့ Huawei Y7 Pro (2019) က ပိုပြီးတော့တောင် အားရဖို့ ကောင်းနေပါတယ်။ ၂၀၁၈ ဗားရှင်းမှာ မျက်နှာပြင် ၅.၉၉ လက်မ သုံးထားပေမယ့် ယခုနှစ်ဗားရှင်းသစ်မှာတော့ မျက်နှာပြင် ၆.၂၆ လက်မ သုံးထားပါတယ်။

Huawei Yံကတေန7 Pro (2018) မှာ Screen-to Body Ratio က ၇၆.၃ ရာခိုင်နှုန်း ရှိပေမယ့် Y7 Pro (2019) မှာတော့ Screen-to Body Ratio က ၈၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါကလည်း Huawei Y7 Pro (2019) မှာ Dewdrop Notch အသုံးပြုထားမှုကြောင့် ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ HD+ ရုပ်ထွက်သုံးထားပါတယ်။ ဒါကြောင့် Huawei Y7 Pro (2019) မှာ မျက်နှာပြင်အရွယ်အစားကြီးမားတဲ့အပြင် Screen-to Body Ratio မြင့်မားတာကြောင့် ရုပ်ရှင်ကြည့်တဲ့အခါမှာဘဲ ဖြစ်ဖြစ်၊ ဂိမ်းကစားတဲ့အခါမှာဘဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ ရုပ်ထွက် အတွေ့အကြုံကို ခံစားရမှာ ဖြစ်ပါတယ်။

Huawei Y7 Pro (2019) ဒီဇိုင်းပိုင်းမှာ နောက်ထပ် ထူးခြားလာတာ တစ်ခုကတော့ အနီရောင်နှင့်လည်း ရွေးချယ်လာနိုင်မှု ဖြစ်ပါတယ်။ အနီရောင်ဆိုပေမယ့် ပန်းရောင်စပ်တဲ့ အနီရောင်လို့ ပြောလို့ရပါတယ်။ အမျိုးသမီးများ အထူးနှစ်ခြိုက်မယ့် အရောင် ဖြစ်ပါတယ်။

ပါဝါပိုင်း ပိုမိုကောင်းမွန်လာတဲ့ Huawei Y7 Pro (2019)

Huawei Y7 Pro (2018)မှာ Snapdragon 430 SoC ၊ RAM2GB နှင့် ပါဝါထောက်ပံ့ခဲ့ပါတယ်။ ယခုနှစ်ထွက် Huawei Y7 Pro (2019) မှာတော့ Snapdragon 450 SoC ၊ RAM3GB နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Huawei Y7 Pro (2019) မှာ Chipset ပိုင်း၊ RAM ပိုင်း ပိုမိုမြင့်မားလာပါတယ်။ ယင်းကြောင့် ဂိမ်းကစားတဲ့အခါ၊ Web များ ၀င်ကြည့်တဲ့အခါ၊ Facebook အပါအ၀င် App များ အသုံးပြုတဲ့အခါ ညက်ညောတဲ့ အတွေ့အကြုံကို ရရှိပါမယ်။ Storage ပိုင်းမှာတော့ နှစ်မျိုးလုံးမှာ 32GB ပဲ ပါဝင်ပါတယ်။ Huawei Y7 Pro (2018) မှာ microSD ကနေ 256GB အထိ ထပ်မံ တိုးမြှင့်နိုင်ပေမယ့် Huawei Y7 Pro (2019) မှာ 1TB အထိ မြှင့်လို့ ရပါတယ်။

ဘက်ထရီပိုင်းများပြားလာ

Huawei Y7 Pro (2018) မှာ ဘက်ထရီ 3000 mAh ပါဝင်ပါတယ်။ Huawei Y7 Pro (2019) မှာတော့ ဘက်ထရီ 4000 mAh အထိ ပါဝင်လာပါတယ်။ ဘက်ထရီ ပိုင်း 1000 mAh များပြားလာတဲ့အပြင် Snapdragon 450 SoC ကလည်း ဘက်ထရီစားသုံးမှု နည်းပါးတာကြောင့် ပိုပြီးတော့ အသုံးခံလာပါမယ်။

ကင်မရာပိုင်းမှာ ပိုကောင်းလာ

Huawei Y7 Pro (2018) မှာရော Huawei Y7 Pro (2019) မှာ 13MP+2MP ကျောဘက်ကင်မရာနှစ်လုံး သုံးထားပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ PDAF ထောက်ပံ့ထားပါတယ်။ အဓိက ကွာခြားလာတဲ့အချက်ကတော့ Huawei Y7 Pro (2019) မှာ Aperture f/1.8 အသုံးပြုလာတာ ဖြစ်ပါတယ်။ f/1.8 ကို အလယ်အလတ်တန်း လေးသိန်းဝန်းကျင်ဖုန်းများမှာပဲ အသုံးပြုလေ့ရှိကြတာပါ။ အခု နှစ်သိန်းကျော်ဖုန်းမှာ အသုံးပြုလာတာ ကျေနပ်စရာကောင်းလှပါတယ်။ Aperture f/1.8 အသုံးပြုထားတာကြောင့် အလင်းရောင်အားနည်းချိန်မှာ ရိုက်ကူးတဲ့ ဓာတ်ပုံပိုင်း ပိုပြီးတော့ ကောင်းမွန်လာပါမယ်။ ကင်မရာပိုင်းမှာ ပိုကောင်းတဲ့ AI စနစ်တွေ ထောက်ပံ့လာတာကြောင့် ကင်မရာပိုင်းကတော့ တော့တော့ကို ထူးထူးခြားခြား ကွာခြားနေပါတယ်။

ကျောဘက်ကင်မရာတင်မက ရှေ့ကင်မရာကလည်း များစွာ ကွဲပြားနေပါတယ်။ Huawei Y7 Pro (2018) မှာ ရှေ့ကင်မရာ 8MP ပဲ အသုံးပြုထားပေမယ့် Huawei Y7 Pro (2019) မှာ ရှေ့ကင်မရာ 16MP သုံးထားပါတယ်။ Resolution နှစ်ဆ ကွာခြားသွားမှုနှင့်အတူ ကင်မရာပိုင်း ဘယ်လောက် ကွာခြားလာမယ်ဆိုတာ တွေးကြည့်လို့ ရပါတယ်။ 16MP ဖြစ်တာကြောင့် ချစ်စရာကောင်းပြီး အရည်အသွေးရှိတဲ့ Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါမယ်။

နောက်ထပ် ထူးခြားချက်တစ်ခုကတော့ ရှေ့ကင်မရာကိုရော ကျောဘက်ကင်မရာမှာပါ AI စနစ်တွေ ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ Scene ပေါင်း ၅၀၀ ကျော်တို့ကို ခန့်မှန်းနိုင်စွမ်းရှိပြီး ဓာတ်ပုံကောင်းတွေ ရရှိစေဖို့ AI က အထူးထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

Related Articles