You are here

Oppo K3 ရဲ့ Hand-On ဓာတ်ပုံများနှင့် ဘက်ထရီပမာဏ ပေါက်ကြားလာ

Mobile
Technology

Oppo K3 ကို မနက်ဖြန် မတ်လ ၂၃ ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။ Oppo K3 မှာ Oppo Reno စမတ်ဖုန်းရဲ့ ကျောဘက်ဒီဇိုင်းမျိုး အသုံးပြုထားပါတယ်။ အခြားတစ်ဖက်မှာ Oppo K3 မှာ Realme X လိုဘဲ Pop-Up Selfie Camera သုံးထားပါတယ်။ ယနေ့မှာ Oppo K3 ရဲ့ Hand-On ဓာတ်ပုံများ ပေါက်ကြားလာပါတယ်။ အခြားတစ်ဖက်မှာ Oppo ကိုယ်တိုင်ကလည်း Oppo K3 အတွက် ပိုစတာများကို အွန်လိုင်းမှာ တင်ကာ ဖုန်းမှာ သုံးလာမယ့်စနစ်အချို့ကို အတည်ပြုထားပါတယ်။

Oppo က Oppo K3 မှာ ဘက်ထရီ 3750 mAh ပါဝင်လာမှာ ဖြစ်ပြီး VOOC 3.0 Fast Charging ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ယခု ထွက်ပေါ်လာတဲ့ဓာတ်ပုံအရ ဒီဖုန်းမှာ AMOLED ပါဝင်လာမှာ ဖြစ်ပြီး Always-on Display ၊ Blue-Violet သုံးလာမှာ ဖြစ်ကာ Gorilla Glass မှန်သုံးလာပါမယ်။ ဒါပေမယ့် ကျောဘက်မှာ ပိုလီကာဗွန်နိုက် သုံးလာဖို့ ရှိပါတယ်။

ကျောဘက်ကင်မရာနှစ်လုံးမှ အဓိကကင်မရာက အလင်းဝင်ပေါက် f/1.7 ဖြစ်လာဖို့ရှိပေမယ့် ဆင်ဆာကို မသိရသေးပါဘူး။

အစောပိုင်းသတင်းများအရ ဒီဖုန်းမှာ မျက်နှာပြင် ၆.၅ လက်မ၊ UD Fingerprint Scanner ၊ Snapdraogn 710 သုံးလာမှာ ဖြစ်ပြီး RAM8GB/256GB ဗားရှင်းလည်း ထွက်လာမယ်လို့ သိရပါတယ်။

Related Articles