You are here

ယခုလနှောင်းပိုင်းတွင် 5G Modem Chipset ကို MediaTek ကြေညာလာမည်

Mobile
Technology
Telecom

Huawei ၊ Samsung နှင့် Qualcomm တို့က 5G Modem အတွက် Chipset များကို ကြေညာထားကြပြီး ဖြစ်ပါတယ်။ ယခုအခါ MediaTek ကလည်း 5G Modem ကြေညာလာတော့မှာ ဖြစ်ပါတယ်။ ထိုင်ဝမ် Chipset ကုမ္ပဏီဟာ မေလနှောင်းပိုင်းမှာ 5G AI Product ကို ကြေညလာလာတော့မှာ ဖြစ်ပါတယ်။ ယခုအခါ မေလ ကုန်ဖို့ ၉ ရက်တည်းသာ လိုတော့တာကြောင့် သိပ်ကြာကြာ စောင့်ဆိုင်းရမှာ မဟုတ်ပါဘူး။

MediaTek ဟာ 5G Modem အဖြစ် Helio M70 ကို ကြေညာထားတယ်ဆိုပေမယ့် ယခုတိုင် တရားဝင် ထွက်လာခြင်း မရှိသေးသလို စမတ်ဖုန်းကုမ္ပဏီများအတွက်လည်း တင်ပေးနိုင်ခြင်း မရှိသေးပါဘူး။ ယခု ကြေညာလာမယ့် 5G Chipset မှာ ဘယ်လို 5G Modem ပါဝင်လာမလဲဆိုတာ မပြောနိုင်သေးပါဘူး။ Helio M70 ကိုပဲ မိတ်ဆက်လာမလား စောင့်ကြည့်သွားရပါမယ်။

Related Articles