You are here

လွန်ခဲ့တဲ့ ၆ လခန့်ကတည်းက Tramp’s Doomday အတွက် Huawei ပြင်ဆင်ထားပြီးပြီ

Mobile
Huawei
Honor
Technology
World

အမေရိကန်အစိုးရရဲ့ Huawei အပေါ် စီးပွားရေး အရေးယူမှု တကယ်ပဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်အစိုးရရဲ့ Huawei အပေါ် စီးပွားရေး အရေးယူကို သုံးလတာ ဆိုင်းငံ့ထားတယ်ဆိုပေမယ့် အမေရိကန်နှင့် တရုတ်တို့အကြား  ကုန်သွယ်ရေးအခွန်ဆွေးနွေးမှု သဘောတူညီမှုက Huawei အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုက တစ်ကမ္ဘာလုံးမှ Huawei နှင့် Honor ဖုန်းအသုံးပြုသူများအပြင် အမေရိကန်မှ သန်းပေါင်းများစွာ သော Huawei ဖုန်းအသုံးပြုသူများအပေါ်မှာလည်း ရိုက်ခတ်မှု ရှိနေပါတယ်။ ဒါ့အပြင် Huawei ရဲ့ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီဖြစ်ရေး အိပ်မက်အပေါ်မှာလည်း အကြီးအကျယ် ရိုက်ခတ်စေလျက်ရှိပါတယ်။

အမေရိကန်ရဲ့အရေးယူမှုက Huawei အပေါ်မှာ များစွာ ရိုက်ခတ်မှု ရှိလာမယ်ဆိုပေမယ့် ထင်မှတ်ထားသလောက်တော့ ရိုက်ခတ်မှာ မဟုတ်ပါဘူး။ Huawei တို့ဟာ Tramp’s Doomday အတွက် ကြိုတင်ပြင်ဆင်မှုကို လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကတည်းက ပြုလုပ်ထားတာကြောင့် အားလုံး ထင်မှတ်ထားသလောက် ထိခိုက်မှာတော့ မဟုတ်ပါဘူး။

Nikkei Asian Review ရဲ့ ဖော်ပြချက်အရ Huawei ဟာ လွန်ခဲ့တဲ့ ခြောက်လခန့်ကတည်းက လာမယ့် တစ်နှစ်တာ ကာလအတွက် လိုအပ်တဲ့ အစိတ်အပိုင်းများကို Suppliers များကို မှာကြားထားကာ ကုန်သွယ်ရေး စစ်ပွဲအတွက် ပြင်ဆင်မှု ပြုလုပ်ထားပါတယ်။ Huawei ဟာ ဖုန်းမှာ အသုံးပြုတဲ့ အစိတ်အပိုင်းများအတွက် ၀ယ်ယူနေရတဲ့ အမေရိကန်ကုမ္ပဏီများထံမှ ပစ္စည်းများကြားမှုကို လွန်ခဲ့တဲ့ ခြောက်လခန့်ကတည်းက လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

တကယ်တော့ Huawei ကို အရေးယူပိတ်ဆို့မှုက Qualcomm ၊ Snapdragon အပါအ၀င် မြောက်မြားစွာ သော အမေရိကန်ကုမ္ပဏီများကို ထိခိုက်စေလျက်ရှိတဲ့အပြင် အမေရိကန်မှ Huawei လုံးဝ နောက်ဆုတ်ရမယ်ဆိုရင် အလုပ်လက်မဲ့ဖြစ်သွားမယ့် ၀န်ထမ်းပေါင်း ထောင်ပေါင်းများစွာလည်း ရှိနေပါသေးတယ်။

Related Articles