You are here

48MP ကင်မရာ၊ Snapdragon 660 အသုံးပြုထားတဲ့ Redmi Note 7S ကို ကြေညာလာ

Mobile
Technology

Redmi Note 7 ၊ Redmi Note 7 Pro တို့က အရည်အသွေးကောင်းသလို ဈေးနှုန်းကလည်း သက်သာတာကြောင့် ဈေးကွက်တိုင်းလိုလိုမှာ အောင်မြင်မှုသရဖူတွေ ဆောင်းနေပါတယ်။ ယနေ့မှာ 48MP ကင်မရာပါ နောက်ထပ် Redmi စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာပြန်ပြီ ဖြစ်ပါတယ်။ Redmi Note 7S ဖြစ်ပါတယ်။

Redmi Note 7S မှာ မျက်နှာပြင် ၆.၃ လက်မ FHD+ ရုပ်ထွက်သုံးထားပါတယ်။ Waterdrop Notch သုံးထားပြီး ယင်းမှာ ရှေ့ကင်မရာ 13MP ပါဝင်ပါတယ်။ ကျောဘက်မှာရော မျက်နှာပြင်မှာပါ Corning Gorilla Glass 5 မှန် အသုံးပြုထားပါတယ်။ Snapdragon 660 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ RAM3GB ၊ RAM4GB တို့နှင့် ရွေးချယ်နိုင်ပြီး Storage 32GB ၊ 64GB အသီးသီး ပါဝင်ပါမယ်။ microSD ကနေ တဆင့် ထပ်တိုးနိုင်ပါဦးမယ်။

ဒီဖုန်းကို ရောင်းအားကောင်းစေမယ့် အချက်ကတော့ ကျောဘက်ကင်မရာနှစ်လုံးမှ အဓိကကင်မရာက 48MP f/1.8 သုံးထားမှု ဖြစ်ပါတယ်။ အလင်းရောင်အားနည်းချိန်မှာ 12MP ဓာတ်ပုံလေးပုံ ရိုက်ကူးပေးပြီး တစ်ပုံတည်း အဖြစ်ပေါင်းစပ် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။  ဒုတိယကင်မရာ 5MP f/2.4 Depth Sensor ဖြစ်ပါတယ်။ Night Mode လည်း ပါဝင်ပါတယ်။

ဘက်ထရီ 4000 mAh ပါဝင်ကာ Quick Charge 4.0 (18W Fast Charging) ထောက်ပံ့ပေးထားပါတယ်။ တစ်ခု သတိပြုရမယ့်အချက်ကတော့ ဖုန်းဗူးအတွင်းမှာ 10W Charger ပဲ ထည့်သွင်းပေးထားပါတယ်။

Redmi Note 7S မှာ Android 9.0 Pie အခြေခံ EMUI 10 အသုံးပြုထားပါတယ်။ IR Blaster ၊ နားကြပ်ပေါက်နှင့် P2i Water Repellent Nano-Coating ပါဝင်ပါတယ်။

Redmi Note 7S ကို အနက်ရောင်၊ အပြာရောင်၊ အနီရောင်တို့နှင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်းက ဒေါ်လာ ၁၅၈ နှင့် ဒေါ်လာ ၁၈၇ ဖြစ်ပါတယ်။ ဒီဖုန်းကို အိန္ဒိယဈေးကွက်မှာ လာမယ့် မေလ ၂၃ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

Related Articles