You are here

Galaxy Fold ရဲ့ ရုပ်ထွက်ပြဿနာနှင့်ပတ်သက်ပြီး Samsung ရှင်းလင်း

Mobile
Samsung
Technology

Samsung ဟာ တနင်္လာနေ့တုန်းက Galaxy Fold သစ်အချို့တို့ကို Tech Reviewers အချို့ကို ပေးခဲ့ပါတယ်။ ယခုအခါ Samsung Galaxy Fold Review ဗီဒီယိုဖိုင် အမြောက်အမြားတို့ အွန်လိုင်းမှာ တက်နေတာကို ကြည့်ရင် မဝေးတော့တဲ့ကာလအတွင်းမှာ ဒီဖုန်းကို ဈေးကွက်မှာ မြင်ရတော့မယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့ကတော့ Samsung အတွက် အိပ်မက်ဆိုးတွေ မက်တဲ့နေ့ ဖြစ်ပါတယ်။ Samsung Galaxy Fold ကို Review လုပ်သူအချို့တို့က ရုပ်ထွက်ပျက်စီးကြောင်း ပြောကြားလာကြပါတယ်။ Samsung Galaxy Fold က ပထမဆုံးမျိုးဆက် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း ဖြစ်နေတာကြောင့် ယင်းသို့ အားနည်းချက်တွေ ရှိနေတာလား မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ဒါ့အပြင် ဒေါ်လာ ၂၀၀၀ အထိ သုံးရမယ့် ဒီဖုန်းကို လူတွေရဲ့ ယုံကြည်မှုက လျှော့နည်းသွားပါတယ်။

Samsung ဟာ Galaxy Fold ရဲ့ ရုပ်ထွက်မှန်ပျက်စီးမှုနှင့်ပတ်သက်ပြီး နူတ်ဆိတ်မနေပါဘူး။ ချက်ချင်းဆိုသလို Samsung ဟာ Galaxy Fold ရဲ့ မှန် ဘာကြောင့် ပျက်စီးတယ်ဆိုတာ ရှင်းလင်းလာပြီ ဖြစ်ပါတယ်။

Samsung က Galaxy Fold ပျက်စီးမှု ဖြစ်သွားရခြင်း အကြောင်းရင်းက ဖုန်းရဲ့ထိပ်ပိုင်းမှာ ပါဝင်တဲ့ အကာအကွယ်မှန်ကို Review လုပ်သူများက မှန်ကာဗာလို့ ထင်ကာ ဖြုတ်လိုက်မှုကြောင့် ဖြစ်ကြောင်း ရှင်းလင်းသွားပါတယ်။

Samsung ဟာ Galaxy Fold ကို ရောင်းချချိန်မှာ အသုံးပြုသူများကို ယင်းနဲ့ပတ်သက်ပြီး ရှင်းလင်းစွာ သိရှိနိုင်ဖို့ အတွက် လုပ်ဆောင်ပေးသွားပါမယ်။

Related Articles