You are here

ရှေ့ကင်မရာ 32MP ၊ ကျောဘက်ကင်မရာသုံးလုံး၊ Kirin 710 သုံးထားပြီး ဈေးနှုန်း ဒေါ်လာ ၂၃၈ သာ သတ်မှတ်ထားတဲ့ Honor 20i

Mobile
Honor
Technology

Huawei ရဲ့ ဒုတိယအမှတ်တံဆိပ်ဖြစ်တဲ့ Honor ဟာ စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာပါတယ်။ Honor 20i ဖြစ်ပါတယ်။ Honor 20i မှာ စိတ်ဝင်စားဖို့ အကောင်းဆုံးအချက်ကတော့ ရှေ့ကင်မရာ 32MP ပါဝင်လာတဲ့အချက် ဖြစ်ပါတယ်။ Honor 20i ရဲ့ အခြား စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များကတော့ ကျောဘက်ကင်မရာသုံးလုံးပါဝင်မှု၊ Screen-to  Body Ratio မြင့်မားမှုတို့ ဖြစ်ပါတယ်။ Honor 20i ရဲ့ အချက်အလက်အပြည့်အစုံ၊ ပါဝင်တဲ့စနစ်များနှင့် ဈေးနှုန်းကို ဆက်ကြည့်ကြပါဦး . . .

ဒီဇိုင်းနှင့် ရုပ်ထွက်

Honor 20i ကျောဘက်မှာ 3D မှန်သုံးထားပြီး ဖုန်းရဲ့အတိုင်းအတာက 154.8x73.8x8mm ဖြစ်ကာ အလေးချိန် ၁၆၄ ဂရမ် ရှိပါတယ်။ မျက်နှာပြင် ၆.၂၁ လက်မ IPS LCD သုံးထားပါတယ်။ Dwedrop Notch  သုံးထားကာ FHD+ ရုပ်ထွက်၊ 19:5:9 Aspect Ratio သုံးထားပါတယ်။ Screen-to Body Ratio က ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဒါ့အပြင် မျက်လုံးထိခိုက်မှု မရအောင် ရုပ်ထွက်ပိုင်း လုပ်ဆောင်ထားပြီး ယင်းအတွက် TUV Rheinland ထောက်ခံချက် ရယူထားပါတယ်။

ရှေ့ကင်မရာနှင့် ကျောဘက်ကင်မရာသုံးလုံး

သေးငယ်တဲ့ Notch အတွင်းမှာ ရှေ့ကင်မရာ 32MP f/2.0 သုံးထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ အလင်းရောင်အားနည်းချိန်မှာလည်း လှပတဲ့ Selfie များ ရိုက်ကူးနိုင်အောင် 4 in 1 Pixel Binning Technology ပါဝင်ပါတယ်။

Honor 20i မှာ AI ထောက်ပံ့ထားတဲ့ ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 24MP f/1.8 ဖြစ်ပြီး ဒုတိယကင်မရာက 8MP ဖြစ်ကာ မြင်ကွင်းကျယ် ရိုက်ကူးဖို့ ထောက်ပံ့ပေးပါတယ်။ တတိယကင်မရာဆင်ဆာက 2MP Depth Sensor ဖြစ်ပါတယ်။ Portrait Photo ရိုက်ကူးဖို့ ထောက်ပံ့ပေးပါတယ်။

စွမ်းဆောင်ရည်နှင့် အခြားစနစ်များ

Honor 20i က အလယ်အလတ်တန်း စမတ်ဖုန်းဖြစ်တာနဲ့အညီ Huawei ထုတ် Chipset ထဲမှာ အကောင်းဆုံး အလယ်အလတ်တန်း Chipset ဖြစ်တဲ့ Kirin 710 SoC နှင့် အထိုင်ချထားပါတယ်။ Kirin 710 ကို RAM6GB နှင့် ထောက်ပံ့ထားပါတယ်။ Stroage 128GB ပါဝင်ကာ microSD ကနေ 256GB အထိ ထပ်တိုးလို့ ရပါသေးတယ်။ ဘက်ထရီ 3400 mAh ပါဝင်ပါတယ်။ ဒါပေမယ့် Fast Charging ထောက်ပံ့ထားခြင်း မရှိပါဘူး။

လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ လုံခြုံရေးအတွက် Face Unlock လည်း ပါဝင်ပါတယ်။ မျက်နှာမှ အချက်အလက်များကို Chip ထဲမှာ သိုလောင်ထားတာကြောင့် Face Unlock က လုံခြုံရေးပိုင်း စိတ်ချရကြောင်း Honor က ပြောကြားထားပါတယ်။ Android Pie အခြေခံ EMUI 9.0 သုံးထားပါတယ်။ Game Turbo 2.0 ပါဝင်တာကြောင့် ဂိမ်းများကို ညက်ညောစွာ ကစားနိုင်ပါမယ်။ ဒီဖုန်းမှာပါဝင်တဲ့အခြားစနစ်များကတော့ 4G VoLTE ၊ WiFi 802.11 b/g/n/ac ၊ Bluetooth 4.2 ၊ GPS ၊ micrUSB 2.0 ၊ 3.5 mm နားကြပ်ပေါက် ပါဝင်ပါတယ်။

Honor 20i ရဲ့ဈေးနှုန်းနှင့် ရောင်းချမယ့် ရက်

Honor 20i ကို ရွေးချယ်နိုင်တဲ့ဗားရှင်းများနှင့် ဈေးနှုန်းများကတော့ 6/64GB ကို ဒေါ်လာ ၂၃၈ ၊ 4/128GB ကို ဒေါ်လာ ၂၃၈၊ 6/128GB ကို ဒေါ်လာ ၂၈၃ နှင့် 6/256GB ကို ဒေါ်လာ ၃၂၈ ဖြစ်ပါတယ်။

Honor 20i ကို Gradient Blue ၊ Gradient Red ၊ Black တို့ ဖြစ်ပါတယ်။ Honor 20i ကို ယနေ့မှာ တရုတ်နိုင်ငံမှာ စတင်ရောင်းချပါတယ်။

Related Articles