You are here

Realme 3 Pro ကို ဧပြီလ ၂၂ ရက်နေ့တွင် မိတ်ဆက်မည်

Mobile
Technology

Oppo ရဲ့ ဒုတိယအမှတ်တံဆိပ် Realme 3 ကို ပြီးခဲ့တဲ့လတုန်းက ကြေညာရောင်းချခဲ့ပါတယ်။ Realme 3 ကြေညာတုန်းက Pro ဗားရှင်းလည်း ထွက်လာမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ယနေ့မှာ Realme India ရဲ့ CEO က Realme 3 Pro ကို လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း တရားဝင် ကြေညာလာပြီ ဖြစ်ပါတယ်။

Realme 3 Pro မိတ်ဆက်ပွဲကို ဒေလီတက္ကသိုလ်အားကစားရုံမှာ ပြုလုပ်သွားပါမယ်။ ဒါကို ကြည့်ရင် Realme 3 Pro က လူငယ်အကြိုက် လုပ်ဆောင်ထားတဲ့ ဖုန်းတစ်လုံးဆိုတာ မြင်နိုင်ပါတယ်။

Realme 2 Pro တုန်းကလည်း အေမီတီတက္ကသိုလ်မှာ ပြုလုပ်ကာ လူငယ်ဈေးကွက်ကို ပစ်မှတ်ထားခဲ့ပါတယ်။

Realme 3 Pro က ဈေးကွက်အတွင်းမှာ Redme Note 7 Pro ရဲ့ အဓိကပြိုင်ဘက် ဖြစ်လာမယ့် စမတ်ဖုန်းအဖြစ် နာမည်ကြီးနေပြီး ဒီဖုန်းမှာ Snapdragon 675 ၊ RAM6GB ၊ 48MP ကင်မရာပါဝင်လာမယ်လို့ သိရပါတယ်။

Related Articles