You are here

ကင်မရာခြောက်လုံး၊ မျက်နှာပြင် ၆.၇ လက်မပါဝင်တဲ့ Samsung Galaxy S10 5G

Mobile
Samsung

Samsung ဟာ Galaxy S10 စီးရီးနှင့်အတူ ဒီစီးရီးမှာ အကောင်းဆုံးဖုန်းအဖြစ် Galaxy S10 5G ကိုလည်း ကြေညာလာပါတယ်။ Galaxy S10 5G ဆိုတဲ့အမည်ကို သုံးထားလို့ S10 ထက် 5G တစ်ခုတည်းပဲ ပိုပါဝင်လာတယ်လို့ မထင်လိုက်ပါနဲ့။ ယင်းထက်ပိုပါတယ်။ ဒီဖုန်းက Galaxy Note9 ထက်တောင် အရွယ်အစားကြီးမားပါသေးတယ်။

Samsung Galaxy S10 5G က မျက်နှာပြင် ၆.၇ လက်မရှိပြီး ထောင့်ကွေး Dynamic AMOLED 1440p+ Resolution သုံးထားပါတယ်။ ဒီဖုန်းက S10 ဖုန်းများလိုပဲ HDR10+ Video ထောက်ပံ့ထားတဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ ဒါ့အပြင် S10 နှင့် S10+ လို Ultrasonic FP Reader ပါဝင်ပါတယ်။

အမည်နှင့် လိုက်ဖက်စွာ mmWave ၊ Sub-6GHz နှစ်မျိုးလုံး ထောက်ပံ့ထားပါတယ်။ Wi-Fi + လည်း ပါဝင်ပါတယ်။ 1.2Gbs ဒေါင်းလော့ခ်လုပ်နိုင်ပါတယ်။

စိတ်ဝင်ဝင်စားဖို့ကောင်းတာကတော့ ဈေးကွက်အပေါ်မူတည်ပြီး Snapdragon 855/ Exynos 9820 Chipset ပါဝင်လာမယ့်အချက်ဖြစ်ပါတယ်။ RAM8GB နှင့် Storage 256GB ပါဝင်ကာ microSD မထောက်ပံ့ထားပါဘူး။

ကင်မရာပိုင်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရှေ့မှာရော နောက်မှာပါ 3D Time Of Flight ထည့်သွင်းထားပါတယ်။ Video Live Focus နှင့် 3D Photo ထောက်ပံ့ထားပါတယ်။

ကျောဘက်ကင်မရာလေးလုံးမှာ Dual OIS ပါဝင်ပါတယ်။ အဓိကကင်မရာက Dual Pixel AF ၊ Dual Aperture (f/1.5 နှင့် f/2.4) ပါဝင်တဲ့ 12MP ဖြစ်ပါတယ်။ ဒုတိယကင်မရာဆင်ဆာကလည်း 12MP ဖြစ်ပြီး 2x Telephoto Sensor ဖြစ်ပါတယ်။ OIS ထောက်ပံ့ထားပါတယ်။ တတိယကင်မရာက 16MP Ultra-Wide Angle Camera ဖြစ်ပါတယ်။

ကျောဘက်ကင်မရာဖြင့် 4K HDR10+ ဗီဒီယို ရိုက်ကူးနိုင်ပါမယ်။ ရှေ့ကင်မရာ 10MP ဖြင့်လည်း 4K ရိုက်ကူးမှု ထောက်ပံ့ထားပါတယ်။

Galaxy S10 5G မှာ ဘက်ထရီ 4500 mAh ပါဝင်ပြီး 25W Super Fast Charging ထောက်ပံ့ထားသလို Fast Wireless Charging 2.0 နှင့် Wireless PowerShare ပါဝင်ပါတယ်။

ဒီဖုန်းကလည်း IP68 ရရှိထားပြီး Dolby Atmos စပီကာများသုံးထားကာ Samsung DeX ထောက်ပံ့ထားပါတယ်။

Samsung Galaxy S10 5G ကို ရောင်းချမယ့်ရက်အတိအကျ မသိရသေးပါဘူး။ ဈေးနှုန်းကိုလည်း မသိရသေးပါဘူး။

Related Articles