You are here

ဒေါ်လာ ၁၉၈၀ သတ်မှတ်ထားပြီး ကင်မရာခြောက်လုံး၊ 3-Way Multitasking ပါဝင်တဲ့ Samsung Galaxy Fold

Gadgets
Mobile
Samsung
Technology

Samsung ဟာ Galaxy Unpacked ပွဲမှာ Galaxy S10 စီးရီးနှင့်အတူ Galaxy Fold ကိုလည်း ကြေညာလာပါတယ်။ Galaxy Fold ကို စမတ်ဖုန်းတစ်လုံးလိုရော Tablet တစ်လုံးလိုပါ အသုံးပြုနိုင်ပါတယ်။ Galaxy Fold ကို နောက်နှစ်လဆိုရင် ဈေးကွက်မှာ ရောင်းချလာတော့မှာ ဖြစ်ပါတယ်။

         

Galaxy Fold မှာ ၄.၆ လက်မ မျက်နှာပြင်အပြင် အတွင်းမှာ ခေါက်နိုင်တဲ့ ၇.၃ လက်မ ရုပ်ထွက် ပါဝင်ပါတယ်။ ခေါက်ရာမှာ ညက်ညောမှုရှိအောင် လုပ်ဆောင်ထားတဲ့အပြင် အကြမ်းပတမ်းခံနိုင်အောင် လုပ်ဆောင်ထားပါတယ်။

ရှေ့မျက်နှာပြင်မှာ ကြည့်နေချိန်မှာ ဖုန်းအတွင်းဘက် မျက်နှာပြင်ကို ဖွင့်ကြည့်ပါက ယင်းမှာ ပေါ်လာမှာ ဖြစ်ပါတယ်။ Samsung ဟာ ယင်းစနစ်ကို Google Android Dev များနှင့် ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

အတွင်းဘက် ကြီးမားတဲ့ မျက်နှာပြင်ကို 3-way Multitasking သုံးနိုင်ပါတယ်။ WhatsApp ၊ Microsoft Office နှင့် YouTube Premium တို့ကို တပါတည်း ထည့်သွင်းပေးထားပါတယ်။

ဒီဖုန်းကို Snapdragon 855 ၊ RAM12GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 512GB ပါဝင်ပါတယ်။ ဘက်ထရီနှစ်လုံးပါဝင်ပြီး နှစ်လုံးပေါင်း 4380 mAh ရှိပါတယ်။

ကင်မရာခြောက်လုံးအထိ ပါဝင်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးပါဝင်ပါတယ်။ ကျန်သုံးလုံးမှာ တစ်လုံးက ရှေ့ဘက်မှာ ဖြစ်ပြီး ကျန်နှစ်လုံးက အတွင်းဘက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူများအနေဖြင့် ခေါက်ထားချိန်မှာပဲ ဖြစ်ဖြစ်၊ ဖြန့်ထားချိန်မှာဘဲ ဖြစ်ဖြစ် ဓာတ်ပုံ ရိုက်ကူးနိုင်ပါမယ်။

Samsung Galaxy Fold ကို ဧပြီလ ၂၆ ရက်နေ့မှာ အမေရိကန်နှင့် မေလ ၃ ရက်နေ့မှာ ဥရောပဈေးကွက်တို့မှာ ရောင်းချပါမယ်။ LTE ၊ 5G ဗားရှင်းတို့နှင့်လည်း ရွေးချယ်နိုင်ပါမယ်။ အမေရိကန်မှာ ဈေးနှုန်းက ဒေါ်လာ ၁၉၈၀ ဖြစ်ပြီး ဥရောပမှာ ယူရို ၂၀၀၀ ဖြစ်ပါတယ်။

 

 

Related Articles