You are here

48MP ကျောဘက်ကင်မရာသုံးလုံး၊ 20W Wireless Charging ပါဝင်တဲ့ Xiaomi Mi 9 ကို ကြေညာလာ

Mobile
Technology

Xiaomi Mi 9 ကို ကြေညာလာပါပြီ။ Xiaomi Mi 9 က ကျောဘက်ကင်မရာသုံးလုံးပါဝင်တဲ့ ပထမဆုံး Xiaomi စမတ်ဖုန်း ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ လက်ရှိစမတ်ဖုန်းဈေးကွက်မှ စမတ်ဖုန်းများထက် မြန်ဆန်တဲ့ Wireless Charging ပါဝင်လာမယ့်အချက် ဖြစ်ပါတယ်။

ကျောဘက်ကင်မရာသုံးလုံးမှ အဓိကကင်မရာက 48MP Sony IMX586 ဖြစ်ပါတယ်။ Redmi Note 7 မှာ သုံးထားတဲ့ 48MP နဲ့ မတူပါဘူး။ ယင်းဖုန်းမှာက Samsung Sensor သုံးထားတာပါ။

Xiaomi Mi 9 မှာ 16MP Ultra-Wide Camera ပါဝင်ပြီး ၁၁၇ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်ပါတယ်။ Aperture f/2.2 သုံးထားကာ Autofocus ပါဝင်ပါတယ်။ ၄ စင်တီမီတာအကွာမှာ micro ဓာတ်ပုံ ရိုက်ကူးနိုင်ပါတယ်။ တတိယကင်မရာဆင်ဆာက 12MP ဖြစ်ပြီး 2x Telephoto Camera ပါဝင်ပါတယ်။ အလင်းဝင်ပေါက် f/2.2 သုံးထားပါတယ်။

Xiaomi Mi 9 မှာ မျက်နှာပြင် ၆.၃၉ လက်မ Super AMOLED 1080p+ ရုပ်ထွက်သုံးထားပါတယ်။ Screen-to Body Ratio ၉၀.၇ ရာခိုင်နှုန်း သုံးထားပါတယ်။ သေးငယ်တဲ့ Waterdrop Notch သုံးထားတာကြောင့် Screen-to Body Ratio မြင့်မားလာတာ ဖြစ်ပါတယ်။ High Brightness Mode ပါဝင်ပြီး 600 nits အထိ ပေးနိုင်ပါတယ်။ Dark Mode ပါဝင်ပြီး ပါဝါသုံးစွဲမှုကို ၈၃ ရာခိုင်နှုန်း သုံးစွဲမှု နည်းပါးပါတယ်။ Always-on Display ပါဝင်ပါတယ်။

Notch အတွင်းမှာ 20MP f/2.0 ပါဝင်ပါတယ်။ AI ပါဝါထောက်ပံ့ထားတဲ့ Face Unlock ပါဝင်ပါတယ်။ AI စနစ်က Ultra-Wide Camera ကိုလည်း Noise လျှော့ချပေးပါသေးတယ်။

ဒီဖုန်းမှာ လုံခြုံရေးအတွက် In-Display Fingerprint Scanner ပါဝင်ပြီး Google Pay သုံးရာမှာလည်း သုံးနိုင်ပါမယ်။ Dual Frequency GPU နှင့် IR Blaster ပါဝင်ပါတယ်။

မျက်နှာပြင်မှာ Gorilla Glass 6 မှန်သုံးထားပြီး ကျောဘက်မှာ Gorilla Glass 5 မှန်သုံးထားပါတယ်။ ကျောဘ်ကင်မရာသုံးလုံးမှာ Sapphire Glass သုံးထားတာကြောင့် အစင်းရာ အလွယ်တကူ ပေါ်မှာ မဟုတ်ပါဘူး။ ရေစိမ်တော့ မခံနိုင်ပါဘူး။

Mi 9 မှာ ထူးထူးခြားခြား ပါဝင်လာတဲ့အချက်ကတော့ ပိုကောင်းတဲ့ Fast Charging ပါဝင်လာတဲ့အချက် ဖြစ်ပါတယ်။24W Fast Charging ပါဝင်လာပါတယ်။ ဗူးအတွင်းမှာတော့ 18W Charger ပဲ ထည့်သွင်းပေးထားပါတယ်။ ထူးခြားမှုကတော့ 20W Wireless Charing ပါဝင်ပါတယ်။ 20W Wireless Car Charger နှင့်လည်း သုံးနိုင်ပါတယ်။ Charge Turbo က TUV ရဲ့ ထောက်ခံချက် ရရှိထားတာကြောင့်  လုံခြုံ စိတ်ချစွာ အသုံးပြုနိုင်ပါမယ်။  ဘက်ထရီက 3300 mAh ပဲ ပါဝင်ပြီး Mi 8 ထက် 100 mAh လျှော့ကျသွားပါတယ်။

ဒီဖုန်းကို Snapdragon 855 Chipset နှင့်ပါဝါထောက်ပံ့ထားပါတယ်။ ဒီအချက်နှင့်ပတ်သက်ပြီး အံ့သြစရာတော့ မရှိပါဘူး။ RAM6GB ပါဝင်ပြီး Storage 64GB နှင့် 128GB သုံးလာပါမယ်။ RAM8GB ဗားရှင်းကိုလည်း ရွေးချယ်နိုင်ပါမယ်။ ဂိမ်းကစားရာမှာ ညက်ညောစွာ ကစားနိုင်ဖို့ GPU နှင့် CPU တို့ရဲ့  စွမ်းဆောင်ရည်ကို မြင့်မားပေးမယ့် Game Turbo ပါဝင်လာပါတယ်။

ဒါ့အပြင် ကျောဘက်ကို ဖောက်မြင်နိုင်တဲ့ဗားရှင်းကိုလည်း ကြေညာလာပါတယ်။ ဒီဖုန်းမှာတော့ RAM12GB နှင့် Storage 256GB ပါဝင်ပါတယ်။ ဒီဖုန်းကို တရုတ်ဈေးကွက်မှာပဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Google Assistant မပါဝင်ဘဲ XiaoAI ပဲ ထောက်ပံ့ထားပါတယ်။

Xiaomi Mi 9 ကို Lavender Violet ၊ Ocean Blue နှင့် Piano Black တို့နှင့် ရွေးချယ်နိုင်ပါမယ်။ RAM6GB ဗားရှင်းဈေးနှုန်းက ဒေါ်လာ ၄၅၅ ဖြစ်ပြီး RAM8GB ဗားရှင်းဈေးနှုန်းက ဒေါ်လာ ၄၉၀ ဖြစ်ပါတယ်။ ကျောဘက်မှာ အတွင်းကို ဖောက်မြင်ရတဲ့ RAM12GB+256GB ဗားရှင်းဈေးနှုန်းကတော့ ဒေါ်လာ ၅၉၅ ဖြစ်ပါတယ်။

Related Articles