You are here

Xiaomi Mi 9 တွင် သုံးလာမယ့် ကျောဘက်ကင်မရာသုံးလုံးကို သိရပြီ

Mobile
Technology

Xiaomi Mi 9 နဲ့ပတ်သက်ပြီး သတင်းတွေ အများကြီး ထွက်ထားပြီး ဖြစ်သလို Xiaomi ကိုယ်တိုင်ကလည်း ဖုန်းရဲ့ ဓာတ်ပုံများ၊ ကင်မရာဖြင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို ပရိသတ်များကို ပြသထားပြီး ဖြစ်ပါတယ်။

အားလုံးလည်း သိထားပြီးဖြစ်တဲ့ အတိုင်း Xiaomi Mi 9 က ကျောဘက်ကင်မရာသုံးလုံးပါဝင်တဲ့ ပထမဆုံး Xiaomi စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး ဒီဖုန်းမှာလည်း Redmi Note 7 လို 48MP ကင်မရာပါဝင်လာမှာ ဖြစ်ပါတယ်။ ယနေ့မှာ Xiaomi Mi 9 ရဲ့ကျောဘက်ကင်မရာသုံးလုံးရဲ့ အချက်အလက်များ ထွက်ပေါ်လာပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့အချက်အလက်များအရ Xiaomi Mi 9 မှာ သုံးလာမယ့် ကျောဘက်ကင်မရာသုံးလုံးမှ အဓိကကင်မရာ 48MP က Redmi Note 7 လို Samsung Sensor ဖြစ်လာမှာ မဟုတ်ပါဘူး။ Sony IMX586 Sensor သုံးလာမှာ ဖြစ်ပါတယ်။ ဒုတိယကင်မရာနှင့် တတိယကင်မရာဆင်ဆာတို့က 12MP Telephoto နှင့် 16MP Wide-Angle Sensor တို့ ဖြစ်လာပါမယ်။

အခြားတစ်ဖက်မှာ Xiaomi Mi 9 ရဲ့ဈေးနှုန်းများလည်း ထွက်ပေါ်လာပါတယ်။ Xiaomi Mi 9 ရဲ့ 6/64GB ဈေးနှုန်းက ဒေါ်လာ ၃၆၉ ဖြစ်လာပါမယ်။ 8/128GB နှင့် 8/256GB တို့က ဒေါ်လာ ၄၂၈ နှင့် ဒေါ်လာ ၅၁၆ တို့ ဖြစ်လာပါမယ်။

Xiaomi Mi 9 ကို Snapdragon 855 နှင့်ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး 27W Fast Charging ထောက်ပံ့လာမှာ ဖြစ်ပါတယ်။ In-Display Fingperprint Scanner ပါဝင်လာပါမယ်။ Xiaomi Mi 9 ကို Explorer Edition နှင့်လည်း ထုတ်လုပ်ရောင်းချလာမှာ ဖြစ်ပြီး ဒီဖုန်းမှာ RAM10GB အထိ ပါဝင်လာမှာ ဖြစ်ပါတယ်။ Xiaomi က Mi 9 Explorer Edition က ကမ္ဘာ့ပါဝါအမြင့်ဆုံးစမတ်ဖုန်း ဖြစ်လာမယ်လို့ ဆိုထားပါတယ်။

Related Articles