You are here

MIUI 11 Update ရရှိမယ့် Xiaomi စမတ်ဖုန်းစာရင်းထွက်ပေါ်လာ

Mobile
Technology

တရုတ်ထိပ်သီးနည်းပညာကုမ္ပဏီ Xiaomi ဟာ မျိုးဆက်သစ် UI သစ် MIUI 11 ကို ဖန်တီးနေပြီ ဖြစ်ပါတယ်။ တရုတ်နည်းပညာဘလော့ဂ် MyDrivers မှာ MIUI 11 Update ရရှိလာမယ့် Xiaomi စမတ်ဖုန်းစာရင်းများကို ဖော်ပြလာပါတယ်။ Xiaomi ဟာ MIUI 11 ကို ယခု Xiaomi ဖုန်းများမှာ သုံးနေတဲ့ MIUI 11 နှင့် လုံးဝ ကွဲပြား အောင် လုပ်ဆောင်ထားပြီး စနစ်သစ်များလည်း ထည့်သွင်းလာပါမယ်။

MIUI 11 မှာ ပါဝင်လာမယ့်စနစ်များ

လက်ရှိအချိန်မှာ MIUI 11 မှာ ပါဝင်လာမယ့် စနစ်များနှင့်ပတ်သက်ပြီး ထူးထူးခြားခြား ဘာမှ မသိရသေးပါဘူး။ သေချာတာကတော့ Xiaomi ဟာ MIUI 11 ကို MIUI 10 ထက် ပိုမိုညက်ညောပြီး ပိုကောင်းလာအောင် လုပ်ဆောင်လာဖို့ တော့ သေချာနေပါတယ်။ ဒါ့အပြင် ပိုမိုရှင်းရှင်းလင်းလင်းဖြင့် ကြည့်ရအောင် အဆင်ပြေအောင် လုပ်ဆောင်လာပါမယ်။ ထူးခြားလာမယ့်အချက်ကတော့ MIUI 11 ကို ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းများမှာလည်း အသုံးပြုနိုင်အောင် လုပ်ဆောင်လာမယ့်အချက်ဖြစ်ပါတယ်။

MIUI 11 ရရှိမယ့်ဖုန်းများ

Xiaomi ဟာ MIUI 11 ကို စမတ်ဖုန်းအမြောက်အမြားအား Update ပေးသွားမှာ ဖြစ်ပါတယ်။

Mi စီးရီးဖုန်းများ - Mi 9 ၊ Mi Mix 2 ၊ Mi Mix 1 ၊ Mi 6X ၊ Mi 6 ၊ Mi Note 2 ၊ Mi Note 3 ၊ Mi 5X ၊ Mi 5C ၊ Mi 5s ၊ Mi 5s Plus ၊ Mi Max 2 ၊ Mi Max 3 ၊ Mi Max 2 ၊ Mi Play နှင့် Mi 8

Redmi စီးရီးဖုန်းများ - Redmi Note 7 ၊ Redmi 5 Plus ၊ Redmi 4 ၊ Redmi 4A ၊ Redmi 4X ၊ Redmi 3s/3x ၊ Redmi Note 5A ၊ Redmi Note 4 ၊ Redmi Note 4X ၊ Redmi Note 6 ၊ Redmi Note 6 Pro ၊ Redmi Note S2 ၊ Redmi Note 5 ၊ Redmi Note 5 Pro ၊ Redmi 6 ၊ Redmi 6A ၊ Redmi 6 Pro ၊ Redmi 5 ၊ Redmi 5A

တခုသတိပြုရမယ့်အချက်ကတော့ အထက်ပါ MIUI 11 Update ရရှိမယ့်ဖုန်းစာရင်းက Xiaomi က တရားဝင် ကြေညာထားတဲ့သတင်း မဟုတ်ဘူးဆိုတာပါ။ ဒါပေမယ့် အထက်ပါဖုန်းများထဲမှ ဖုန်းအများစုကတော့ MIUI 11 Update ရရှိလာဖို့တော့ သေချာနေပါတယ်။

Related Articles