You are here

Forssil Group ရဲ့ စမတ်နာရီနည်းပညာသုံးစွဲခွင့်အား ဒေါ်လာသန်း ၄၀ ဖြင့် Google ရယူ

Gadgets
Technology

Google ဟာ Forssil Group က ပိုင်ဆိုင်တဲ့ စမတ်နာရီ နည်းပညာ အသုံးပြုခွင့်အား ဒေါ်လာ သန်း ၄၀ ဖြင့် ရယူလိုက်ပါတယ်။ Google ဟာ Forssil Group က လက်ရှိ လုပ်ဆောင်နေဆဲဖြစ်တဲ့ စမတ်နာရီနည်းပညာကို ရယူခဲ့ပါတယ်။ Gorssil Group ရဲ့ R&D မှ အဖွဲ့ဝင်အချို့တို့ဟာလည်း Google နှင့် ပူးပေါင်းပေးရမှာ ဖြစ်ပါတယ်။

Google ဟာ Pixel စမတ်နာရီ ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့တာ လအနည်းငယ်ကြာမြင့်ပြီဖြစ်ပြီး Forssil Group ထံမှ နည်းပညာရယူလာမှုကို ကြည့်ရင် Pixel စမတ်နာရီ ထုတ်လုပ်ရောင်းချဖို့ တဖြည်းဖြည်းနီးကပ်လာပြီဆိုတာ မြင်နိုင်ပါတယ်။

Forssil Group ဟာ ၂၁၀၅ ခုနှစ်တုန်းက Misfit ကို ဒေါ်လာသန်း ၂၅၀ ဖြင့် ၀ယ်ယူပြီး စမတ်နာရီလောကသို့ ၀င်ရောက်လာခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Misfit က စမတ်နာရီ၊ စမတ်လက်ပတ်နည်းပညာတို့နှင့်ပတ်သက်ပြီး နည်းပညာမူပိုင်ခွင့်များစွာ ရယူထားတဲ့ကုမ္ပဏီဆိုရင်လည်း မမှားပါဘူး။ Misfit ကို Microsoft ရဲ့  သုသေသီဟောင်း ဆွန်နီဗူ၊ ဆရီဟာယန်ဂါနှင့် Apple အကြီးအကဲဟောင်းဂျွန်စကူလ်လီတို့ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Related Articles