You are here

Redmi Note 7 Pro မှာ Snapdragon 675 SoC အသုံးပြုလာတဲ့ ပထမဆုံး စမတ်ဖုန်းများတွင် ပါဝင်လာမည်

Mobile
Technology

Redmi Note 7 ကို အောင်မြင်စွာ ရောင်းချနေပြီဖြစ်ပါတယ်။ Redmi Note 7 ပထမအသုတ် ရောင်းချမှုက ၈ နာရီကျော်အကြာမှာပဲ အကုန် ရောင်းချခဲ့ရပါတယ်။ Redmi ဟာ Redmi Note 7 ထက် ပါဝါပိုင်း၊ ကင်မရာပိုင်း ပိုကောင်းတဲ့ Pro ဗားရှင်းကိုလည်း ကြေညာ ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ Redmi ဟာ Redmi Note 7 Pro ကို လာမယ့် ဖေဖော်ဝါရီလမှာ မိတ်ဆက်လာဖို့ ရှိနေပါတယ်။

ယနေ့မှာ Redmi Note 7 Pro မှာ အသုံးပြုလာမယ့် စနစ်အချို့ ထွက်ပေါ်လာပါတယ်။ ဒီဖုန်းမှာ Note 7 လိုပဲ ကျောဘက်ကင်မရာ 48MP သုံးလာပါမယ်။ ဒါပေမယ့် Redmi Note 7 Pro မှာ 48MP Sony IMX685 Sensor သုံးလာမှာ ဖြစ်ပါတယ်။ Redmi Note 7 မှာတုန်းက 48MP Samsung ISOCELL Bright GM1 သုံးထားပါတယ်။ ဒါ့အပြင် Redmi Note 7 Pro မှာ Snapdragon 675 Chipset သစ် သုံးလာပါမယ်။

Qualcomm က အသစ်ကြေညာထားတဲ့ Snapdragon 675 SoC က Snapdragon 710 ထက် အနည်းငယ် ပါဝါပိုင်း ပိုမိုမြင့်မားပါတယ်။ ဒါပေမယ့် ဈေးနှုန်းက သက်သာအောင် GPU နှင့် ISP ကို အနည်းငယ်နိမ့်ထားပါတယ်။

Redmi Note 7 Pro ရဲ့ဈေးနှုန်းက ဒေါ်လာ ၂၁၀ မှ ဒေါ်လာ ၂၂၀ အတွင်း ဖြစ်လာဖို့ ရှိပါတယ်။

Related Articles