You are here

Samsung Galaxy S10 ရဲ့ UD Fingerprint Reader မှာ Screen Protector သုံးထားလျှင် သုံးလို့မရ

Mobile
Technology

စမတ်ဖုန်းအသုံးပြုတိုင်းလိုလို စမတ်ဖုန်းမှာ Screen Protector သုံးလေ့ရှိကြပါတယ်။ Screen Protector သုံးမှ စမတ်ဖုန်း မတော်တဆပြုတ်ကျရင်လည်း စိတ်ပူစရာမလိုပါဘူး။ မသုံးတဲ့သူတွေကတော့ ဖုန်းပြုတ်ကျမှာကို စိုးရိမ် ပူပန်နေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ Samsung Galaxy S10 ရဲ့ Under-Display Fingerprint Reader က Screen Protector အသုံးပြုထားရင် အလုပ်မလုပ်ကြောင်း သိရပါတယ်။

Samsung ဟာ Galaxy S10 နှင့် Galaxy S10 Plus တို့မှာ Ultrasonic In-Display Fingerprint Reader အသုံးပြုလာပါမယ်။ Ultrasonic In-Display Fingerprint Reader က လက်ရှိဈေးကွက်ထဲမှ In-Display Fingerprint Reader များထက် လျှင်မြန်တိကျပါတယ်။ ဒါပေမယ့် Ultrasonic In-Display Fingerprint Reader မှာ အားနည်းချက် တစ်ခုကလည်း ရှိနေပြန်နေပါတယ်။

Armadilotek က Galaxy S10 ကို Screen Protector များစွာနှင့် စမ်းသပ်ခဲ့ရာတွင် In-Display Fingerprint Reader မှာ အလုပ်မလုပ်ကြောင်း ဆိုထားပါတယ်။ Armadilotek အနေဖြင့် ဘယ်လို Screen Protector မျိုးနှင့် စမ်းသပ်ခဲ့သလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ Screen Protector ကို မှန်၊ ပလတ်စတစ်ဆိုပြီးနှစ်မျိုးရှိပါတယ်။

တကယ်ပဲ Samsung Galaxy S10 ရဲ့ In-Display Fingerprint Reader က Screen Proetector နှင့် အလုပ်မလုပ်ဘူးဆိုရင်တော့ စိတ်ပျက်စရာကောင်းလာမှာ မမှန်ပါပဲ။

Samsung ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Galaxy S10 ကို မိတ်ဆက်သွားမှာ ဖြစ်ပြီး မတ်လမှာ စတင် ရောင်းချလာဖို့ ရှိပါတယ်။

Related Articles