You are here

Samsung Galax S10 Lite ကို အရောင်ငါးရောင်ဖြင့် ရွေးချယ်နိုင်မည်

Mobile
Samsung
Technology

Samsung Galaxy S10 Lite က iPhone XR ကို ဈေးကွက်မှာ ယှဉ်ပြိုင်လာမယ့် ဖြစ်ပါတယ်။ တကယ်တမ်းမှာလည်း Samsung ဟာ Galaxy S10 Lite ကို iPhone XR ကို ရွေးချယ်နိုင်တဲ့ အရောင်အတိုင်း ထုတ်လုပ်လုပ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

iPhone XR က ၂၀၁၈ ခုနှစ်ထွက် iPhone သစ်တွေထဲမှာ အရောင်အများဆုံးနှင့် ရွေးချယ်နိုင်တဲ့ဖုန်း ဖြစ်ပါတယ်။ Samsung ကလည်း Galaxy S10 Lite ကို S10 စီးရီးအမှာ အရောင်အများဆုံးနှင့် ရွေးချယ်နိုင်တဲ့ ဖုန်းအဖြစ် ထုတ်လုပ်ရောင်းချသွားပါမယ်။ Samsung Galaxy S10 Lite ကို အ၀ါရောင်၊ အဖြူရောင်၊ အနက်ရောင်၊ အစိမ်းရောင်၊ အပြာရောင်တို့နှင့်လည်း ရွေးချယ်နိုင်ပါမယ်။

အခြားတစ်ဖက်မှာ Samsung Galaxy S10 နှင့် Galaxy S10 Plus တို့ကိုတော့ အရောင်လေးရောင်နှင့်ပဲ ရွေးချယ်နိုင်ပါမယ်။ ယင်းဖုန်းများကို အဖြူရောင်၊ အနက်ရောင်၊ အစိမ်းရောင်၊ အပြာရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

ဒါပေမယ့် Samsung ဟာ ကျောဘက်မှာ စီရာမစ်သုံးလာမယ့် Galaxy S10 5G ဗားရှင်းကိုတော့ အဖြူရောင်၊ အနက်ရောင်တို့နှင့်ပဲ ထုတ်လုပ်ရောင်းချလာပါမယ်။

Related Articles