You are here

Honor View 20 အတွက် Teaser တင်လာတဲ့ Honor

Mobile
Technology

Honor ဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းက ဟောင်ကောင်မှာ In-Display Selfie Camera သုံးထားတဲ့ View 20 ကို ပြသခဲ့ပါတယ်။ Honor View 20 မှာ Wi-Fi+4G သုံးနိုင်မယ့် Link Turbo Technology ပါဝင်မှာ ဖြစ်ပြီး 48MP ရှိ ကျောဘက်ကင်မရာတစ်လုံးပါဝင်ပါမယ်။ Honor View 20 မှာ သုံးလာမယ့် ကျောဘက်ကင်မရာဆင်ဆာက Sony IMX586 Sensor ဖြစ်ပါတယ်။ Honor ဟာ Honor View 20 ကို လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။ ယခုအခါ Honor ဟာ View 20 နှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ Teaser များ တင်လာပါတယ်။

Honor ဟာ သူတို့ရဲ့ Weibo စာမျက်နှာမှာ Honor View 20 ရဲ့ မျက်နှာပြင်ဒီဇိုင်းကို ဖော်ပြထားတဲ့ ပိုစတာ သုံးခုကို တင်လာပါတယ်။ ယင်းမှာ ဖော်ပြထားမှုအရ Honor View 20 မှာ ဖုန်းခေါ်ဆိုမှုစပီကာကို ဖရိန်ထဲမှာ ထည့်သွင်းထားပြီး အသံအတိုးအချဲ့ခလုတ်၊ ပါဝါခလုတ်တို့ကို ညာခြမ်းမှာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ရဲ့ လေးဘက်လုံးက ဘောင်နှင့် အလွန်နီးပါးလွန်းနေပါတယ်။ Screen-to Body Ratio ၁၀၀ ရာခိုင်နှုန်းနီးနေပါမယ်။ ရှေ့ကင်မရာကို ဘယ်ခြမ်း အပေါက်ငယ်မှာ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် Honor View 20 ရဲ့ ရှေ့ကင်မရာအပေါက်ငယ်က Samsung Galaxy A8s ရဲ့ရှေ့ကင်မရာအပေါက်ငယ်ထက် သေးငယ်တာ တွေ့ရပါတယ်။

ယခု Honor က တင်လာတဲ့ View 20 အတွက် Teaser များအရ ဒီဖုန်းကို ခဲရောင်၊ အနီရောင်၊ အပြာရောင်တို့နှင့် ရွေးချယ်နိုင်တယ်လို့လည်း ယူဆရပါတယ်။ ဖုန်းကျောဘက်မှာ ရောင်ပြေးသုံးလာမလားဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။

Honor ဟာ View 20 ကို ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ ပဲရစ်မှာ မိတ်ဆက်ပြီး ဂလိုဘယ်ဈေးကွက်သို့ ၀င်ရောက်ဦးမှာ ဖြစ်ပါတယ်။

Related Articles