You are here

Poco F1 ဖုန်းများ Android 9.0 Pie Stable ရပြီ

Mobile
Technology

Poco F1 လို့ လူသိများတဲ့ Pocophone F1 ဟာ Android Pie Stable Update ရရှိနေပြီဖြစ်ပါတယ်။ Poco F1 ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက MIUI 10 Update ရရှိခဲ့ပါတယ်။ ဒါပေမယ့် Poco F1 ဟာ Android 8.1 Oreo အခြေခံ MIUI 10 ရရှိခဲ့တာပါ။ ယခုအခါမှာတော့ Android Pie Update ရရှိလာပါပြီ။

Android Pie Update ရဲ့ ဖိုင်အရွယ်အစားက 1.7GB ရှိပါတယ်။ Android Pie နှင့်အတူ MIUI 10.1.3.0(PEJMIFI) ရရှိလာပါတယ်။ Update သစ်မှာ Google Lens ထောက်ပံ့လာပြီး ပြဿနာများကိုလည်း ဖြေရှင်းပေးထားပါတယ်။

အခြားတစ်ဖက်မှာ Poco F1 အသုံးပြုသူအချို့တို့ဟာ Android Pie Update တင်ပြီးနောက် ဂိမ်းများကို Full Screen မရခြင်း၊ Notch ဖျောက်မရခြင်း စတဲ့ပြဿနာများလည်း ကြုံနေရပါတယ်။ Xiaomi ဟာ မဝေးတော့တဲ့ ကာလအတွင်းမှာ ယင်းပြဿနာများကို ဖြေရှင်းဖို့ Update ပေးလာပါလိမ့်မယ်။

Xiaomi Poco F1 က Snapdragon 845 SoC သုံး စမတ်ဖုန်းတွေထဲမှာ ဈေးနှုန်းအသက်သာဆုံးဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၁၈ လက်မရှိပြီး IPS LCD 1080x2246px ရုပ်ထွက်ထောက်ပံ့ထားပါတယ်။ ကျောဘက်မှာ ပိုလီကာဗွန်နိုက်သုံးထားပါတယ်။ အခြေခံဗားရှင်းက RAM6GB+64GB ဗားရှင်းဖြစ်ပြီး RAM6GB+128GB ၊ RAM8GB+256GB တို့ကိုလည်း ရွေးချယ်နိုင်ပါမယ်။

ကျောဘက်ကင်မရာနှစ်လုံးက 12MP+5MP ဖြစ်ပြီး ရှေ့ကင်မရာက 20MP ဖြစ်ပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ကာ Quick Charge 3.0 ဖြင့် အားသွင်းနိုင်ပါမယ်။

Related Articles