You are here

ကျောဘက်တွင် ရုပ်ထွက်၊ ကင်မရာသုံးလုံး၊ Lunar Ring တို့ ပါဝင်တဲ့ Vivo ရဲ့ NEX သစ်

Mobile
Technology

Vivo ဟာ ယခုနှစ်အစောပိုင်းတုန်းက စမတ်ဖုန်းဒီဇိုင်း Trend သစ်အနေဖြင့် NEX ကို ကြေညာခဲ့ပါတယ်။ ယနေ့မှာ Vivo ဟာ မျိုးဆက်သစ် NEX ကို ကြေညာလာပါတယ်။ Vivo NEX Dual Display Edition ဖြစ်ပါတယ်။ Vivo NEX Dual Display Edition ကလည်း NEX လိုပဲ ထောင့်ကွေးမှန်သုံးထားပါတယ်။ ဒါ့အပြင် Notch မပါဝင်တော့ပါဘူး။ ဒါ့အပြင် NEX မှာလိုမျိုး Pop-Up Selfie ကင်မရာ မပါဝင်ပါဘူး။ တကယ်တော့ ဒုတိယမျိုးဆက် Vivo NEX Dual Display Edition မှာ ရှေ့ကင်မရာမလိုတော့ပါဘူး။

အမည်မှာ ပါဝင်သလိုပဲ ဒီဖုန်းရဲ့ ကျောဘက်မှာလည်း မျက်နှာပြင်တစ်ခု ပါဝင်ပါသေးတယ်။ Selfie ရိုက်ကူးမှုကို ကျောဘက်ကင်မရာသုံးလုံးဖြင့် ရိုက်ကူးနိုင်ပါမယ်။ ကျောဘက်ကင်မရာသုံးလုံးမှာ ဒုတိယဆင်ဆာက2MP f/1.3 Time Of Flight(TOF) 3D Module ဖြစ်ပါတယ်။ မျက်နှာပြင်ကို 3D Maping လုပ်ပြီး တိကျစွာ ဖုန်းဖွင့်ပေးမယ့်စနစ် ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကျောဘက်မှာ မျက်နှာပြင်ရုပ်ထွက်ကို 3D Face Unlock အသုံးပြုပြီး ဖွင့်ရအောင် ထည့်သွင်းထားတာပါ။ ဒ့ါအပြင် Personalizaed Beautification အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

ကျောဘက်ကို Lunar Ring ဖြင့် အလှဆင်ထားပါတယ်။ Notification အပေါ် မူတည်ပြီး အရောင်ပြောင်းနိုင်ပါတယ်။ ဒါ့အပြင် အလင်းရောင်အားနည်းချိန်မှာ Selfie ရိုက်ရာမှာလည်း သုံးနိုင်ပါတယ်။

ရှေ့မျက်နှာပြင်က ယခင်ဗားရှင်းထက် အနည်းငယ်မဆိုစလောက်သေးငယ်လာပါတယ်။ မျက်နှာပြင်က ၆.၄ လက်မရှိပြီး 2340x1080px သုံးထားပါတယ်။ ကျောဘက်မျက်နှာပြင်က ၅.၅ လက်မရှိပြီး 16:9 1080p သုံးထားပါတယ်။ မျက်နှာပြင်နှစ်ခုလုံးမှာ Super AMOLED သုံးထားပါတယ်။

အဓိက မျက်နှာပြင်မှာ In-Display Fingerprint Scanner လည်း ပါဝင်ပါတယ်။

ကျောဘက်မျက်နှာပြင်ကို ဂိမ်းကစားရာမှာ Touch pad အဖြစ်လည်း အသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် Selfie ရိုက်ကူးနိုင်ပါမယ်။

ဒီဖုန်းကို Snapdragon 845 SoC ၊ RAM10GB နှင့် အထိုင်ချထားပါတယ်။ Storage 128GB ပါဝင်ပါတယ်။ အော်ရီဂျင်နယ်ဗားရှင်းမှာ ဘက်ထရီ 4000 mAh ပါဝင်ခဲ့ပေမယ့် ဒီဖုန်းမှာတော့ ဘက်ထရီ 3500 mAh ပဲ ပါဝင်ပါတယ်။ USB C သုံးထားပြီး 10W ဖြင့် အားသွင်းနိုင်ပါမယ်။ နားကြပ်ပေါက်ထည့်သွင်းပေးထားတုန်းပါ။

Dual Display Editon က NEX ကို ပြန်လည်ဆန်းသစ်မှု ပြုလုပ်လိုက်တဲ့ဖုန်းဖြစ်ပါတယ်။ ကြီးမားတဲ့ ဆန်းသစ် ဖန်တီးမှုတော့ မပါဝင်ပါဘူး။

ဈေးနှုန်းက ဒေါ်လာ ၇၂၉ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။  

Related Articles