You are here

HyperBoost ၊ ဘက်ထရီ 4230 mAh အသုံးပြုထားတဲ့ Oppo A7

Mobile
Technology

Oppo A7 နဲ့ပတ်သက်တဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တာ တစ်လလောက်တောင် ရှိပါပြီ။ ယနေ့မှာတော့ Oppo A7 ကို ယနေ့မှာ မိတ်ဆက်လာပြီ ဖြစ်ပါတယ်။ Oppo A7 ကို မြန်မာပြည်ဈေးကွက်အပါအ၀င် အခြား အာရှဈေးကွက်များမှာလည်း ရောင်းချသွားပါမယ်။ လက်ရှိအချိန်မှာ Oppo A7 ကို တရုတ်ဈေးကွက်မှာ ရောင်းချမယ့်ရက်နှင့် ဈေးနှုန်းကိုပဲ သိရပါသေးတယ်။

Oppo A7 ကို Qualcomm Snapdragon 450 နှင့် ပါဝါထောက်ပံ့ထားပြီး Waterdrop Notch ၊ ဘက်ထရီ 4230 mAh ပါဝင်ပါတယ်။ ဒီဖုန်းမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ HyperBoost စနစ် ဖြစ်ပါတယ်။ ယင်းစနစ်က ဂိမ်းများကိုညက်ညောစွာ ကစားနိုင်အောင် ထောက်ပံ့ပေးမယ့်စနစ် ဖြစ်ပါတယ်။ Oppo A7 က HyperBoost စနစ်ပါဝင်တဲ့ ပထမဆုံး အလယ်အလတ်တန်း Oppo ဖုန်းဆိုရင်လည်း မမှားပါဘူး။

Oppo A7 ရဲ့ မျက်နှာပြင်က ၆.၂ လက်မရှိပြီး 720p ရုပ်ထွက်နှင့်ထောက်ပံ့ထားပါတယ်။ 19:9 Ratio သုံးထားပါတယ်။ နောက်ပိုင်းများမှာ ထွက်လာတဲ့ Oppo ဖုန်းများမှာ အသုံးပြုထားတဲ့ Waterdrop Notch သုံးထားပါတယ်။ တရုတ်ဈေးကွက်မှာ ရောင်းချမယ့်ဖုန်းက RAM4GB နှင့် Storage 64GB ပါဝင်ပါတယ်။ နီပေါလ်မှာ ရောင်းချမယ့်ဗားရှင်းမှာ RAM3GB နှင့် Storage 32GB ပဲ ပါဝင်ပါတယ်။ ဗားရှင်းနှစ်မျိုးလုံးမှာ microSD မှ တဆင့် ထပ်မံ တိုးမြှင့်နိုင်အောင် လုပ်ထားပါတယ်။

ကျောဘက်ကင်မရာနှစ်လုံးက 13MP+2MP ဖြစ်ပြီး ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ AI Beauty စနစ်များ ထည့်သွင်းထားပါတယ်။ ဘက်ထရီ 4230 mAh နှင့် ColorOS 5.2 သုံးထားပါတယ်။

HyperBoost က အောက်တိုဘာလ လလယ်ပိုင်းခန့်တုန်းက ကြေညာခဲ့တဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီနည်းပညာက Huawei GPU Turbo လိုပဲ CPU နှင့် GPU တို့ရဲ့အသုံးပြုမှုကို ဟန်ချက်ညီအောင် လုပ်ဆောင်ထားပြီး ဒီစနစ်ထောက်ပံ့ထားတဲ့ဂိမ်းများကို ၃၁ ရာခိုင်နှုန်းအထိ ပိုမိုညက်ညောအောင် ကစားနိုင်ပါမယ်။ HyperBoost ထောက်ပံ့ထားတဲ့ဂိမ်းများထဲမှာ Arena Of Valor ၊ PUBG Mobile နှင့် နောက်ဆုံးထွက် FIFA ဂိမ်းတို့ ပါဝင်ပါတယ်။ ဒီနည်းပညာပထမဆုံးပါဝင်တဲ့ဖုန်းက Oppo RX17 Pro ဖြစ်ပါတယ်။

Oppo A7 ရဲ့ဈေးနှုန်းက ဒေါ်လာ ၂၃၀ ဖြစ်ပြီး တရုတ်မှာ ကြိုတင်အမှာ လက်ခံနေပါပြီ။ နီပေါလ်မှာတော့ ဒေါ်လာ ၃၁၀ ၀န်းကျင်သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို Glaring Gold ၊ Galze Blue နှင့် Powder Pink အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

Related Articles