You are here

Xiaomi Mi Band 3 Explorer Edition မကြာမီ ထွက်လာဖွယ်ရှိ

Gadgets
Technology

Xiaomi ဟာ Mi Band 3 ကို မေလ ၃၁ ရက်နေ့တုန်းက Mi 8 ၊ Mi 8 SE ၊ Mi 8 Explorer Edition တို့နှင့်အတူ ကြေညာခဲ့ပါတယ်။ Mi Band 3 ကို မိတ်ဆက်ပြီး ရက်အနည်းငယ်အကြာမှာ စတင်ရောင်းချခဲ့ကာ စံချန်တင် ရောင်းချနေရပါတယ်။ Xiaomi ဟာ Mi Band 3 ကို တစ်ဖက်ကို ဖောက်မြင်ရတဲ့ လက်ပတ်အသုံးပြုထားတဲ့ Explorer Edition ကိုလည်း ထုတ်လုပ်ရောင်းဖို့ ရှိပါတယ်။ Xiaomi က ပိုင်ဆိုင်တဲ့Mijia က ဖောက်မြင်ရတဲ့ လက်ပတ်အသုံးပြုထားတဲ့ Mi Band 3 ပုံများကို Weibo အကောင့်ကနေ တင်လာတာကြောင့် မကြာမီကာလအတွင်းမှာ ရောင်းချလာမယ်လို့ ယုံကြည်ရပါတယ်။

Xiaomi Mi Band 3 Explorer Edition မှာ ဘာတွေ ထူးထူးခြားခြား ပါဝင်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ လတ်တလော ထွက်နေတဲ့သတင်းများအရ Explorer Edition မှာ လက်ပတ်ထူးခြားလာတာကလွဲပြီး စက်အိမ်က ပုံမှန်ဗားရှင်နှင့်အတူတူ ဖြစ်လာမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Mi Band 3 ရဲ့ဗူးအတွင်းမှာအနက်ရောင်လက်ပတ်ပါဝင်ပြီး အနက်ရောင်၊ လိမ္မော်ရောင်၊ အပြာရောင် လက်ပတ်တို့ကိုလည်း ရောင်းချနေပါတယ်။

Xiaomi Mi Band 3 ကို ပြည်တွင်းဈေးကွက်မှာ မြန်မာကျပ်ငွေ ၄၂၀၀၀ နှင့် ရောင်းချလျက်ရှိပါတယ်။ Xiaomi ဟာ လာမယ့် စက်တင်ဘာလမှာ Mi Band 3 NFC ဗားရှင်းကိုလည်း ရောင်းချလာမှာ ဖြစ်ပါတယ်။

Xiaomi Mi Band 3 က IP67 ရယူထားတာကြောင့် ရေဒဏ်ဖုန်ဒဏ်ခံနိုင်ပါတယ်။ ၀.၇၈ လက်မ OLED ရုပ်ထွက်ပါဝင်ပြီး ဘက်ထရီ 110 mAh ပါဝင်ပါတယ်။ ပုံမှန်အသုံးပြုမယ်ဆိုရင် သုံးပတ်ကြာ အသုံးပြုနိုင်ပါမယ်။ Mi Band 3 မှာ နှလုံးခုန်နှုန်းတိုင်း ကိရိယာ၊ ကယ်လိုရီလောင်းကျွမ်းမှုပြစနစ်၊ ခြေလှမ်းတွက်ချက်စနစ်၊ အိပ်ချိန် စောင့်ကြည့်စနစ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် Phone Finder စနစ်လည်းပါဝင်ကာ ဖုန်းခေါ်ဆိုမှု၊ မက်ဆော့ခ်ျဝင်ရောက်မှုတို့အတွက် Notification ပြတဲ့စနစ်လည်း ပါဝင်ပါတယ်။

Related Articles