You are here

Xiaomi Mi 8 Explorer Edition ကို ဇူလိုင်လ ၂၄ မှာ ရောင်းချလာမလား?

Mobile
Technology

Xiaomi ဟာ မေလ ၃၁ ရက်နေ့တုန်းက ၂၀၁၈ ခုနှစ်အတွက် Mi စီးရီးအဆင့်မြင့်ဖုန်းများကို ကြေညာခဲ့ပါတယ်။ Xiaomi ဟာ Mi 8 ၊ Mi 8 SE အပြင် Mi 8 Explorer Edition ကိုလည်း ကြေညာလာပါတယ်။ Xiaomi Mi 8 Explorer Edition မှာ ကျောဘက်မှာ အတွင်းကို ဖောက်မြင်နိုင်တဲ့ မှန်သုံးထားပြီး ဟာ့ဒ်ဝဲလ်ပိုင်း စွမ်းဆောင်ရည်ကလည်း ပိုမိုမြင့်မားပါတယ်။ ဒါပေမယ့် Xiaomi ဟာ Mi 8 Explorer Edition ကို မိတ်ဆက်ပြီးတဲ့နောက် နူတ်ဆိတ်နေခဲ့ပါတယ်။ Xiaomi Mi 8 Explorer Edition ကို ယနေ့တိုင် ရောင်းချခြင်း မရှိသေးပါဘူး။

ဒါပေမယ့် ယနေ့ Weibo မှာ ပေါက်ကြားလာတဲ့ ပိုစတာဓာတ်ပုံတစ်ခုအရ Xiaomi Mi 8 Explorer Edition ကို ဇူလိုင်လ ၂၄ ရက်နေ့မှာ စတင်ရောင်းချလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၅၅၂ ဖြစ်ပါတယ်။ Xiaomi Mi 8 Explorer Edition က တရုတ်နိုင်ငံမှာလည်း အလွန် လူစိတ်ဝင်စားခြင်းခံရတဲ့ ဖုန်း ဖြစ်တာကြောင့် မြန်မာနိုင်ငံဈေးကွက်သို့ ရောက်လာဖို့ အနည်းငယ် စောင့်ဆိုင်းရနိုင်ပါတယ်။

Xiaomi Mi 8 Explorer Edition မှာ Mi 8 လို ကျောဘက်မှာလက်ဗွေရာစနစ် မထည့်သွင်းထားပါဘူး။ မျက်နှာပြင် ရုပ်ထွက်အောက် လက်ဗွေရာစနစ်နည်းပညာ အသုံးပြုထားပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ 3D Facial Recognition လည်း ပါဝင်ပါတယ်။ Snapdragon 845 ၊ RAM8GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 128GB ပါဝင်ပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးက 12MP+12MP ဖြစ်ပြီး ရှေ့ကင်မရာက 20MP ဖြစ်ပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ပါတယ်။

Related Articles