You are here

မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၉၀ ရာခိုင်နှုန်း ရရှိစေမယ့် Huawei Super Charge နည်းပညာ

Mobile
Technology

မျက်မှောက်ခေတ်မှာ စမတ်ဖုန်းနှင့် ကုန်ဆုံးတဲ့အချိန်မြင့်သထက် မြင့်မားနေတာကြောင့် ဘက်ထရီ လိုအပ်ချက်က စမတ်ဖုန်းအသုံးပြုသူများ နေ့စဉ်လိုလို ကြုံတွေ့နေရတဲ့ ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ စမတ်ဖုန်းကုမ္ပဏီတွေကလည်း စမတ်ဖုန်းတွေမှာ များပြားတဲ့ ဘက်ထရီတွေ ထည့်သွင်းပေးနေသလို အလျှင်အမြန်အားသွင်းနည်းပညာလည်း ထည့်သွင်းပေးနေပါတယ်။

Huawei က နောက်ဆုံး ဖန်တီးလိုက်တဲ့ စူပါအလျှင်အမြန်အားသွင်းနည်းပညာကတော့ စမတ်ဖုန်းအသုံးပြုသူများ အကြီးအကျယ် ၀မ်းသာစေမယ့် နည်းပညာဖြစ်ပါတယ်။ Huawei က ဖန်တီးထားတဲ့ အလျှင်အမြန်အားသွင်းနည်းပညာသစ်က မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၉၀ ရာခိုင်နှုန်းအထိ ရရှိစေမယ့် နည်းပညာသစ် ဖြစ်ပါတယ်။ တရုတ်ထိပ်သီး စမတ်ဖုန်း ကုမ္ပဏီဟာ အခု ဖန်တီးလိုက်တဲ့ အဆင့်မြင့် စူပါ အလျှင်အမြန် အားသွင်းနည်းပညာသစ်ကို လာမယ့် အောက်တိုဘာမှာ ကြေညာလာမယ့် Huawei Mate 20 စီးရီးမှာ ထည့်သွင်းလာမလား စောင့်ကြည့်ရပါမယ်။

Huawei ရဲ့ Super Charge နည်းပညာသစ်က 10V/2A Adapter ကို အခြေခံထားတာ ဖြစ်ပြီး 40W ဖြင့်အထိ အားသွင်းနိုင်ပါမယ်။ ဒါကြောင့် Huawei Super Charge နည်းပညာသစ်က မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၉၀ ရာခိုင်နှုန်းအထိ ရရှိလာစေပါမယ်။

လက်ရှိ စမတ်ဖုန်းလောကမှာ အမြန်ဆုံး အားသွင်းနည်းပညာက Oppo Find X Lamborgini Edition မှာ ပါဝင်ပါတယ်။ ဘက်ထရီ 3750 mAh ကို ၃၅ မိနစ်ဖြင့် အားသွင်းနိုင်ပါမယ်။ အခြား နာမည်ကြီး အလျှင်အမြန် အားသွင်းနည်းပညာများကတော့ Qualcomm ရဲ့ အားသွင်းနည်းပညာဖြစ်ပြီး မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၅၀ ရာခိုင်နှုန်း ရရှိပါမယ်။ နောက်ထပ်တစ်ခုကတော့ OnePlus DashCharge ဖြစ်ပြီး မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၆၀ ရာခိုင်နှုန်း ရရှိပါတယ်။

Related Articles