You are here

8.8 Score

OnePlus 3T Review

Price List

OnePlus 3T's Key Features

SIZE 5.50in 1080 x 1920 pixels
CAMERA 16MP Front 16MP
CPU 2.35GHz Quad-core
RAM 6GB up to 128GB Storage
Android OS 6.0 Marshmallow
BATTERY 3400mAh Li-Ion

ပြီးခဲ့တဲ့ ၁၂ လတာ ကာလဟာ OnePlus အတွက် အင်မတန် ချိုမြိန်တဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ OnePlus 2 မှာ အောင်မြင်မှု အထိုက်အလျောက် ရယူနိုင်ခဲ့တဲ့ OnePlus ဟာ အကောင်းဆုံးရွှေ့လျားမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ OnePlus ဟာ OnePlus 3 နဲ့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ရောင်းတန်းဝင် စမတ်ဖုန်းအမှတ်တံဆိပ် တစ်ခု ဖြစ်လာခဲ့ပါ တယ်။ OnePlus 3 ဟာ အာရှဈေးကွက်မှာတင်မက အနောက်တိုင်း ဈေးကွက်မှာပဲ ခေါင်းမော့ရင်ကော့နိုင်ခဲ့ပါတယ်။ အခု သူတို့ဟာ နောက်ထပ် စမတ်ဖုန်းလောကကို မွှေနှောက်မယ့် စမတ်ဖုန်းတစ်မျိုးကို ထပ်မံ ထုတ်လုပ်လာပြန်ပါပြီ။

OnePlus ဟာ OnePlus 3 ကို အဆင့်မြင့်ထားတဲ့ OnePlus 3T ကို ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ OnePlus ဟာ OnePlus 3T ကို နိုဝင်ဘာလတုန်းက ကြေညာခဲ့တာဖြစ်ပြီး အခု ပြည်တွင်းဈေးကွက်မှာ မြန်မာကျပ်ငွေ ၆၂၀၀၀၀ ဖြင့် ရောင်းချနေပြီ ဖြစ်ပါတယ်။

OnePlus ဟာ Apple ရဲ့ S ဖုန်းတွေလိုပဲ OnePlus 3 ကို အဆင့်မြင့်ပြီး OnePlus 3T ကို ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ပြည်တွင်းပေါက်ဈေး မြန်မာကျပ်ငွေ ၆၂၀၀၀၀ ဆိုတဲ့ ပမာဏက မနည်းတဲ့ ပမာဏမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် OnePlus 3T မှာ အသုံးပြုထားတဲ့ Processor ၊ RAM နှင့် ကင်မရာ အရည်အသွေးတွေကြောင့် စမတ်ဖုန်းဈေးကွက်မှာ ၀ယ်ယူ သုံးစွဲသူတွေအတွက် ပေးရတဲ့ဈေးနဲ့ တန်တဲ့ အရည်အသွေးမျိုးကို အပေးနိုင်ဆုံးဖုန်းအဖြစ် ဖုန်းကျွမ်းကျင်သူတွေရဲ့ တစ်ပြိုင်နက်တည်း ချီးကျူးမှု ရရှိထားပါတယ်။

OnePlus 3T က ဘာကြောင့် စမတ်ဖုန်းကောင်းတစ်လုံးလို့ ချီးကျူးမှု ရရှိနေတာလဲ ကြည့်ရအောင် . . .

အပြင်ပန်းကြည့်လိုက်မယ်ဆိုရင် OnePlus 3T က ယခင် OnePlus 3 နှင့် ထူးထူးခြားခြားကွဲပြားသွားတာ မရှိပါဘူး။ မျက်နှာပြင် ၅.၅ လက်မဖြစ်ပြီး ၇.၄ မီလီမီတာ အထူပဲ ရှိနေတုန်း ဖြစ်ပါတယ်။ အင်မတန် ညက်ညောလှပတဲ့ ပလက်တီနမ်ဒီဇိုင်းနှင့် ဖန်တီးထားပါတယ်။ ကွဲပြားသွားတာ အချို့ကတော့ အပေါ်မှာပဲ အနည်းငယ်ကွေးတာ ဖြစ်ပါတယ်။ ကင်မရာ Lens ကို ကာကွယ်ဖို့ အကွပ်အသစ် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Gunmetal Grey အရောင်သစ်ကိုလည်း ရွေးချယ်နိုင်ပါမယ်။

ယခင် OnePlus 3 လိုပဲ ထောင့်ကွေးဒီဇိုင်းနှင့် ဖန်တီးထားတာကြောင့် မျက်နှာပြင် ၅.၅ လက်မရှိပေမယ့်လည်း လက်တစ်ဖက်တည်းနှင့် အလွယ်တကူ ကိုင်တွယ် အသုံးပြုနိုင်ပါမယ်။

ဘယ်ခြမ်းမှာ Notification ကို ထိန်းချုပ်မယ့် ခလုတ် ပါဝင်ပါသေးတယ်။ အိပ်ယာဝင်ချိန်မှာပဲဖြစ်ဖြစ်၊ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ချိန်မှာ ယင်း Slide ကို နှိပ်ပြီး Silent လုပ်ထားလို့ ရပါတယ်။ ဒီစနစ်က အင်မတန် အသုံးတည့်တဲ့ စနစ် ဖြစ်ပါတယ်။ 

OnePlus 3T ရဲ့ ရုပ်ထွက်ပိုင်းက OnePlus 3 နှင့်အတူတူ ဖြစ်ပါတယ်။ OnePlus 3T မှာလည်း 1080 P Resolution ပါဝင်တဲ့ AMOLED ရုပ်ထွက် သုံးနေပါတယ်။ AMOLED ရုပ်ထွက် သုံးထားတာကြောင့် အနက်ရောင် ပေးစွမ်းနိုင်မှု၊ အရောင်ပေးစွမ်းနိုင်မှု အင်မတန် ကောင်းမွန်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မနှစ်သက်ဘူးဆိုရင်လည်း Display Setting မှာ sRGB Color Mode သို့ ပြောင်းနိုင်ပါတယ်။ ဒီစနစ်ကြောင့် အပြင်ကမ္ဘာက အရောင်အတိုင်း ခံစားရပါမယ်။ QHD ရုပ်ထွက် သုံးရင် ပိုကောင်းမှာဖြစ်ပေမယ့် 1080 p ရုပ်ထွက်ပိုင်းကိုပဲ ဆက်လက် သုံးစွဲတာက ဘက်ထရီကိုလည်း ဆိုးရွားစွာ သုံးစွဲခြင်းမရှိတာကြောင့် ဒီစနစ်ကို ဆက်သုံးတာလို့ ယူဆရပါတယ်။  

ဒီဇိုင်းပိုင်းနှင့် ရုပ်ထွက်ပိုင်းမှာ OnePlus 3 နှင့် OnePlus 3T အကြား ကွာခြားချက် မရှိပေမယ့် စွမ်းဆောင်ပိုင်းမှာတော့ အများကြီး ကွာခြားသွားပါတယ်။ OnePlus 3T ကို Qualcomm ရဲ့ Snapdragon 821 Processor နှင့် အထိုင်ချထားပါတယ်။ 2.35GHz မြန်နှုန်း ရှိပါတယ်။ OnePlus 3T မှာလည်း OnePlus 3 လိုပဲ RAM6GB ပဲ အသုံးပြုထားပါတယ်။

ဒါကြောင့်လည်း OnePlus 3T ရဲ့စွမ်းဆောင်ရည်ပိုင်း အလွန်ကောင်းမွန်နေတာ အံ့သြစရာမဟုတ်ပါဘူး။ App တွေ အဖွင့်၊ အပိတ်လုပ်မှု၊ ပြောင်းလဲမှုတွေအကြား လုပ်ဆောင်မှု အင်မတန် ညက်ညောပါတယ်။ ဂရပ်ဖစ်ပိုင်းကလည်း ကောင်းမွန်တာ ကြောင့် အဆင့်မြင့်ဂရပ်ဖစ်သုံး ဂိမ်းတွေကိုလည်း ပေါ့ပါးစွာ ကစားနိုင်ပါမယ်။ RAM6GB အသုံးပြုထားတာကြောင့် သင့်အနေနဲ့ App တွေ အများကြီး ဖွင့်လှစ်ထားနိုင်ပြီး ကာလရှည်ကြာ ထားထားနိုင်ပါတယ်။

OnePlus 3T က စမတ်ဖုန်းသမိုင်းမှာ အလျှင်မြန်ဆုံး၊ အညက်ညောဆုံး ဖုန်းစာရင်းဝင် ဖြစ်ပါတယ်။ Google Pixel ဖုန်းတွေလောက် ကောင်းမွန်တဲ့အတွေ့အကြုံမျိုး မပေးနိုင်ပေမယ့်လည်း အကောင်းဆုံးစာရင်းဝင်ဖုန်းလို့ ပြောနိုင်ပါတယ်။

OnePlus 3T မှာ ROM64GB ပါဝင်ပြီး 128GB အမျိုးအစားကိုလည်း ရွေးချယ်နိုင်ပါမယ်။ SIM ကတ်နှစ်ကတ် အသုံးပြုနိုင်ပါတယ်။

Android 6.0.1 Marshmallow အခြေခံ OxygenOS ပါဝင်ပါတယ်။ 

လက်ဗွေရာစနစ်ကို Home Botton မှာ ထည့်သွင်းထားပါတယ်။ ဒီနေရာက လက်ဗွေရာစနစ်ထားဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ Sony က ဘေးမှာ ထည့်သွင်းသလို Huawei အပါအ၀င် အချို့ စမတ်ဖုန်းကုမ္ပဏီတွေ ကျောဘက်မှာ ထည့် သွင်းနေကြပေမယ့် Botton မှာ ထည့်သွင်းတာက အကောင်းဆုံး ဖြစ်ပါတယ်။ လက်ဗွေရာစနစ်က အလွန်လျှင်မြန် တိကျတာ တွေ့ရပါတယ်။ 

OnePlus 3T မှာ 3400 mAh ဘက်ထရီ ပါဝင်ပါတယ်။ ပုံမှန်အသုံးပြုမယ်ဆိုရင် တစ်နေ့ခွဲတာကာလကို အလွယ်တကူ ဖြတ်ကျော်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဘက်ထရီနှင့်အတူ တွဲဖက်ပါဝင်လာတဲ့အားရစရာကောင်းတဲ့အချက်တစ်ခုကတော့ Dash Charge Technology ဖြစ်ပါတယ်။ OnePlus 3T မှာ USB Type-C ပါဝင်ပြီး အထူးဖန်တီးထားတဲ့ Charger ပါဝင်ပါတယ်။ နာရီဝက် အားသွင်းရုံဖြင့် ဘက်ထရီ ၆၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မှာဖြစ်ပြီး တစ်နေ့တာ အသုံးပြုနိုင် ကြောင်း OnePlus က ပြောကြားထားပါတယ်။ ဖုန်းအားအပြည့်အသွင်းဖို့ အချိန်မလုံလောက်တဲ့အခါမျိုးမှာ အင်မတန် အသုံးတည့်လှပါတယ်။ ဖုန်းအားအပြည့်သွင်းဖို့ မိနစ် ၇၀ ပဲ အချိန်ယူရပါတယ်။ 

OnePlus 3 ကို အဆင့်မြင့်ထားတဲ့ နောက်ဆုံးအစိတ်အပိုင်းက ကင်မရာပိုင်း ဖြစ်ပါတယ်။ Selfie ကင်မရာပိုင်းကို ပိုကောင်းအောင် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Selfie ကင်မရာ 16MP ပါဝင်လာပါတယ်။ ယခင် OnePlus 3 တုန်းက 8MP ပဲ ပါဝင်ခဲ့ပါတယ်။ ကျောဘက်ကင်မရာကလည်း 16MP ဖြစ်ပြီး အလင်းဝင်ပေါက် f/2.0 ပါဝင်ပါတယ်။ Optical Image Stabilization နှင့် Phase Detection Autofocus ပါဝင်ပါတယ်။

Selfie ကင်မရာမှာလည်း အလင်းဝင်ပေါက် f/2.0 ပါဝင်တာကြောင့် အလင်းရောင် နည်းပါးချိန်မှာလည်း Selfie ဓာတ်ပုံ ကောင်းတွေ ရိုက်ကူးနိုင်ပါမယ်။ MP များတာကြောင့် သင့်အနေနဲ့ ဓာတ်ပုံအရည်အသွေးကို မထိခိုက်ဘဲ Zoom ဆွဲနိုင်ပါမယ်။ ဗီဒီယိုဖုန်းခေါ်တဲ့အခါမှာလည်း အင်မတန်ကောင်းမွန်တဲ့ အတွေ့အကြုံခံစားရပါမယ်။ ကင်မရာပိုင်းနှင့်ပတ် သက်ပြီး ခြုံငုံပြောရမယ်ဆိုရင် OnePlus 3 ထက် ပိုကောင်းတဲ့ Selfie ကင်မရာ အတွေ့အကြုံကို ခံစားရပါမယ်။

ကင်မရာ App တွေကတော့ Google Camera နှင့် တော်တော်လေး ဆင်တူပါတယ်။ Timelapse ၊ Slow motion နှင့် Panorama Mode တို့အပါအ၀င် Mode များစွာ ပါဝင်ပါတယ်။ Mode တွေကလည်း အသုံးပြုရတာ လွယ်ကူပါတယ်။  

9.00
8.00
9.00
9.50
8.50
9.00
Strength 
ပါးလျပေါ့ပါးပြီး ဒီဇိုင်းကောင်းမွန်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း၊ ဘက်ထရီပိုင်း၊ ကင်မရာပိုင်းကောင်းမွန်သလို လက်ဗွေရာစနစ်ကလည်း မြန်ဆန်ပါတယ်။ Dash Charge က အင်မတန်အသုံးဝင်ပါတယ်။
Weakness 
အောက်ခြေမှာ စပီကာတစ်ခုပဲ ပါဝင်ပြီး Memory ထပ်မံ တိုးမြှင့်လို့မရပါဘူး။