You are here

Huawei ၏ Sub-Brand တစ်ခုဖြစ်သည့် Honor ဖုန်းအား Shenzhen Consortium သို့ ရောင်းချတော့မည်ဖြစ်ကြောင်း အတည်ပြု

Mobile
Huawei
Honor
World

Huawei သည် ၄င်း၏ Sub-Brand တစ်ခုဖြစ်သည့် Honor အမှတ်တံဆိပ်ကိုရောင်းချမည်ဟု တရားဝင်အတည်ပြုပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ ရှန်ကျန်းမြို့အစိုးရအပါအ၀င် အဖွဲ့အစည်းပေါင်း ၃၀ ကျော်ပါဝင်သည့်အဖွဲ့တစ်ခုဖြစ်တဲ့ Shenzhen Zhixin New Information Technology ကုမ္ပဏီ သို့လူငယ်များအတွက် တန်ဖိုးထားတဲ့စမတ်ဖုန်းအမှတ်တံဆိပ် Honor ဖုန်း Brand ကို ရောင်းချမယ်လို့ Huawei က ကြေညာချက်တစ်ခုထွက်ပေါ်လာပါတယ်။

၂၀၁၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ Honor တံဆိပ်သည် အလယ်အလတ်တန်းစားဖုန်းများအား ရောင်းချခြင်းဖြင့် လူငယ်စျေးကွက်ကိုအာရုံစိုက်ခဲ့ရပါတယ်။ လွန်ခဲ့သော ၇ နှစ်အတွင်း Honor သည် စမတ်ဖုန်း အလုံးရေ နှစ်စဉ်သန်း ၇၀ ကျော်တင်ပို့ခဲ့ပါတယ်။ Huawei က Honor ရောင်းချမှုပြီးသည်နှင့် Honor အပေါ် မည်သည့်အစုရှယ်ယာများ ပိုင်ဆိုင်မည်မဟုတ်တော့ကြောင်း ကြေညာချက်တွင် ပါဝင်လာပါတယ်။

Huawei ၏ ရောင်းချမှုကြောင့် Honor ဖုန်းများအား Google Mobile Service ဝန်ဆောင်မှုများကို ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်း ၏ကြေညာချက်ပါတွင် ပါဝင်လာပါတယ်။ ထို့အပြင် Honor သည် ယခုနှစ် UK Mobile ဈေးကွက် Honor 9A ကို မိတ်ဆက်နိုင်ခဲ့တဲ့ ဖုန်းတစ်ခုဖြစ်ပါတယ်။

Related Articles