You are here

Samsung Galaxy Note 20 အတွက် Pre-order ကိုစတင်လက်ခံ

Launching news
Mobile
Samsung

Samsung ၏ Global Galaxy Unpacked အခမ်းအနားအား သြဂုတ်လ ၅ ရက် (ယမန်နေ့) တွင် အွန်လိုင်းမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး အဆိုပါ အခမ်းအနားမှတစ်ဆင့် ၎င်း၏ နောက်ဆုံးပေါ် နည်းပညာမြင့် Samsung Galaxy Note 20 စမတ်ဖုန်းစီးရီးများအား တစ်ကမ္ဘာလုံးထံ တရားဝင် မိတ်ဆက်ခဲ့သည်။ ဤ Samsung Galaxy Note 20 စမတ်ဖုန်း မျိုးဆက်သစ်သည် ယခင် Note စမတ်ဖုန်းများအား ပြန်လည်ဆန်းသစ် အဆင့်မြှင့်တင်ထားသည့် စမတ်ဖုန်း တစ်ခုဖြစ်သည့်အတွက် သုံးစွဲသူများသည် အလုပ်လုပ်ကိုင်ရာတွင် ဖြစ်စေ၊ အပန်းဖြေ အနားယူရာတွင် ဖြစ်စေ အကောင်းမွန်ဆုံး စမတ်ဖုန်းအသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည် ဖြစ်ကာ လူနေမှု ဘဝပုံစံ အမျိုးမျိုး အတွက် အမြင့်မားဆုံးသော စွမ်းဆောင်ရည်များဖြင့် ကူညီထောက်ပံ့ ပေးသွားနိုင်မည် ဖြစ်သည်။

 Samsung မြန်မာသည် သြဂုတ်လ ၆ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ ကြိုတင်မှာယူမှုများအား စာရင်းကောက်ခံ ပေးသွားမည် ဖြစ်သည်။

ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၁,၂၉၉,၀၀၀ ကျသင့်မည် ဖြစ်သော Samsung Galaxy Note 20 စမတ်ဖုန်းအား Mystic Bronze (ကြေးရောင်)၊ Mystic Gray (မီးခိုးရောင်) နှင့် Mystic Green (အစိမ်းရောင်) အရောင် ၃ ရောင် အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်မည် ဖြစ်ကာ ကြိုတင်မှာယူမှု ဈေးနှုန်း မြန်မာငွေကျပ် ၁,၆၅၉,၀၀၀ ကျသင့်မည် ဖြစ်သော Samsung Galaxy Note 20 Ultra စမတ်ဖုန်းအား Mystic Bronze (ကြေးရောင်)၊ Mystic Black (အနက်‌ရောင်) နှင့် Mystic White (အဖြူရောင်) အရောင် ၃ ရောင်အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်မည် ဖြစ်သည်။ အဆိုပါ စမတ်ဖုန်း အမျိုးအစား ၂ မျိုးလုံးတွင် အဆင့် မြှင့်တင်ထားသော S Pen နှင့် S Note၊ ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာ၊ ဖုန်းနှင့် မော်နီတာမျက်နှာပြင်အား ချိတ်ဆက်၍ ကွန်ပြူတာ တစ်လုံးကဲ့သို့ အသုံးပြုနိုင်မည့် Samsung DeX လုပ်ဆောင်ချက် နှင့် တစ်နေ့တာလုံး စိတ်တိုင်းကျ အသုံးပြု နိုင်မည့် all-day intelligent battery အပါအဝင် အဆင့်မြှင့်တင်ထားသော နောက်ဆုံးပေါ် လုပ်ဆောင်ချက်များကိုလည်း ထည်သွင်းပေးထားသည်။

ကြိုတင်မှာယူလိုသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ ပေးသွင်းပြီးသည်နှင့် Samsung Galaxy Note 20 စမတ်ဖုန်းသစ်များအား လာမည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့ အတွင်း ၎င်းတို့ ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် သွားရောက် ထုတ်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် ကြိုတင်မှာယူထားသူများသည် Samsung Myanmar မှ ပေးအပ်သော အပိုထပ်ဆောင်း လက်ဆောင်များ အနေဖြင့် Galaxy Note 20 Ultra စမတ်ဖုန်းများအား ကြိုတင်မှာယူပါက Galaxy Buds Live နှင့် Galaxy Note 20 စမတ်ဖုန်းများအား ကြိုတင်မှာယူပါက Galaxy Buds+ တို့အား အသီးသီး ရရှိသွားမည် ဖြစ်သည်။

Related Articles