You are here

ဈေးနှုန်း ၁၇၁ ဒေါ်လာ သတ်မှတ်ထားတဲ့ Realme Smart TV ကို ကြေညာ

Gadgets
Technology

Realme က Device တွေအများကြီး ကြေညာလာတဲ့အထဲမှာ သူတို့ရဲ့ ပထမဆုံး စမတ်တီဗွီ Realme Smart TV လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။

Realme ဟာ Realme Smart TV ကို ၃၂ လက်မ၊ ၄၂ လက်မတို့နှင့် ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ Realme Smart TV တို့မှာ ဓာတ်ပုံအရည်အသွေး ကောင်းမွန်ရေးအတွက် Chrome Boost Picture Engine ပါဝင်သလို အလင်းပေးမှု 400nits ၊ ၁၇၈ ဒီဂရီ မြင်ကွင်းကျယ်ရုပ်ထွက်၊ HDR 10 ထောက်ပံ့ထားပါတယ်။

၄၃ လက်မ ဗားရှင်းမှာ Full HD 1080p ရုပ်ထွက်နှင့် ၃၂ လက်မ ဗားရှင်းမှာ HD ရုပ်ထွက်သုံးထားပါတယ်။ Picture Mode အဖြစ် Standard ၊ Vivid ၊ Game ၊ Sports ၊ Movie ၊ User ၊ Energy Saving စတဲ့ စနစ် ၇ မျိုး ပါဝင်ပါတယ်။

MediaTek Chipset နှင့် ပါဝါထောက်ပံ့ထားပြီး 64bits Quad Core Cortex-A53 CPU ၊ Mali-470 MP3 ပါဝင်ပါတယ်။ RAM1GB နှင့် 8GB Storage ပါဝင်ပါတယ်။

12W စပီကာနှစ်လုံးနှင့် 2W Tweeter နှစ်လုံးပါဝင်ပါတယ်။ စုစုပေါင်း 24W Quad-Speaker နှင့် Dolby Audio သုံးထားပါတယ်။ H.264 ၊ H.263 ၊ MPEG1/2/4 တို့ ပါဝင်ပါတယ်။

Wi-Fi 802.11/b/g/n(2.4GHz) ၊ Bluetooth 5.0 ၊ HDMI နားကြပ်‌ သုံးလုံး၊ USB နှစ်ပေါက်၊ SPDIF ၊ DVB-T2 ၊ Ethernet တို့ ပါဝင်ပါတယ်။ Android TV 9.0 ပါဝင်ကာ Chromecast ၊ Netflix ၊ YouTube ၊ Prime Video ၊ Live Channel ပါဝင်ပါတယ်။

Realme Smart TV ရဲ့ ၃၂ လက်မ ဗားရှင်းကို ဒေါ်လာ ၁၇၁ နှင့် ၄၃ လက်မ ဗားရှင်းကို ဒေါ်လာ ၂၈၉ သတ်မှတ်ထားပါတယ်။

Related Articles