You are here

Xiaomi Mi Band 5 ရဲ့ Live ဓာတ်ပုံများထွက်ပေါ်လာ၊ Charger ဒီဇိုင်းသစ် သုံးထား

Gadgets
Mobile
Technology

Xiaomi ဟာ လက်ရှိကမ္ဘာ့ စမတ်လက်ပတ်ဈေးကွက်မှာ အအောင်မြင်ဆုံးထဲက တစ်ခုဖြစ်တဲ့ Mi Band စီးရီးသစ်အဖြစ် Mi Band 5 ကို ထုတ်လုပ်ဖို့ အဆင်သင့် နီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။ Xiaomi Mi Band 5 မှာ မျက်နှာပြင် ၁.၂ လက်မ သုံးလာမှာ ဖြစ်ပြီး Mi Band စီးရီးထဲမှာ အကြီးမားဆုံး မျက်နှာပြင် သုံးလာပါမယ်။ ယနေ့မှာ Xiaomi Mi Band 5 ရဲ့ Live ဓာတ်ပုံများ ထွက်ပေါ်လာပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့ Mi Band 5 ဓာတ်ပုံများအရ Charger ဒီဇိုင်းသစ် သုံးထားကြောင်း တွေ့ရပါတယ်။ Plug-In ဒီဇိုင်းမျိုး သုံးထားပါတယ်။ ကိုယ်ထည်ဒီဇိုင်းကတော့ ယခင်ဗားရှင်းများနှင့် များစွာ ကွဲပြားသွားခြင်း မရှိသေးပါဘူး။ ကာလာရုပ်ထွက်သုံးထားပါတယ်။

Xiaomi Mi Band 5 မှာ SpO2 ဆင်ဆာပါဝင်လာမှာ ဖြစ်ပြီး ဈေးနှုန်း ၂၈ ဒေါ်လာ ဝန်းကျင် ဖြစ်လာမယ်လို့ သိရပါတယ်။

Related Articles