You are here

Realme Buds Q ၊ Buds Air Neo ၊ 30W Dart Power Bank နှင့် အခြား Product များကို ကြေညာ

Gadgets
Technology

Realme ဟာ X50 Pro Player ၊ Realme Watch အပြင် ကြိုးမဲ့နားကြပ်သစ်များအဖြစ် Buds Q ၊ Buds Air Neo ၊ 30W Dat Power Bank အပြင် အခြား Product များကိုလည်း ကြေညာလာပြီ ဖြစ်ပါတယ်။

Realme Buds သစ်နှစ်မျိုးလုံးတို့ကို ဆွဲဆောင်မှုရှိတဲ့ အရောင်များနှင့် ဈေးနှုန်းကလည်း သက်သာပါတယ်။ ယခု Buds နှစ်မျိုးမှာ Realme Buds Air Neo က ပိုကောင်းတဲ့ မော်ဒယ် ဖြစ်ပြီး ဈေးနှုန်း ၃၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Buds Q ကိုတော့ ဈေးနှုန်း ၂၁ ဒေါ်လာဘဲ သတ်မှတ်ထားပါတယ်။

Realme Buds Q မှာ In-Ear Design သုံးထားပြီး အနီ၊ အဝါရောင်သုံးထားပါတယ်။ Realme Buds Q ဒီဇိုင်းကို ဟိုဆေးလီဗိုင်းက ဖန်တီးထားတာ ဖြစ်ပါတယ်။ နားကြပ်မှာ 10mm Bass Booster ပါဝင်ပြီး 119ms Low Latency ရှိပါတယ်။ နားကြပ်သက်သက် သီချင်းနားထောင်မယ်ဆိုရင် ၄.၅ နာရီ နားထောင်နိုင်ပြီး Case မှာ အားသွင်းပြီး နားထောင်မယ်ဆိုရင် နာရီ ၂၀ အထိ နားထောင်နိုင်ပါမယ်။ IPX4 ရရှိထားတာကာ ရေပက်ဖျန်းမှု ဒဏ်ခံနိုင်ပါတယ်။

Realme Buds Air Neo က Apple AirPods ဒီဇိုင်းမျိုး သုံးထားပါတယ်။ Bluetooth 5.0 ပါဝင်သလို Google Fast Pair Service ပါဝင်ပါတယ်။ 13mm Drivers သတ်မှတ်ထားပြီး R1 Chip ဖြင့် ပါဝါထောက်ပံ့ထားပါတယ်။

Case ပါ ဘက်ထရီဖြင့် အသီချင်းနားထောင်မှုကို ၁၇ နာရီအထိ ပြုလုပ်နိုင်ပြီး နားကြပ်ပါ ဘက်ထရီဖြင့် ၃ နာရီအထိ နားထောင်နိုင်ပါမယ်။

Gesture Controls စနစ်များ ပါဝင်ကာ ဖုန်းခေါ်ဆိုမှုများ၊ သီချင်းနားထောင်မှုများကို ထိန်းချုပ် အသုံးပြုနိုင်ပါမယ်။ 119.2ms Low Latency ရှိပါတယ်။ ဒါ့အပြင် Realme Link App မှာ Controls စနစ်များကို ပြောင်းလဲ နိုင်ပါသေးတယ်။ IPX4 ရရှိထားတာကြောင့် ရေပက်ဖျန်းမှု ဒဏ်ခံနိုင်ပါတယ်။

ဒီနားကြပ်ကို အဖြူရောင်၊ အစိမ်းရောင်၊ အနီရောင်တို့ဖြင့် ရွေးချယ်နိုင်ကာ ဈေးနှုန်း ၃၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Realme 30W Dart Power Bank မှာ ဘက်ထရီ 10000 mAh ပါဝင်ပြီး 30W ဖြင့် အခြား Devices များကို အားသွင်းခြင်း၊ Power Bank အတွင်းသို့ အားသွင်းခြင်းတို့ ပြုလုပ်နိုင်ပါမယ်။ ဈေးနှုန်းက ၂၈ ဒေါ်လာ ဖြစ်ပါတယ်။

Realme က ကြေညာလာတဲ့ အခြား Devices များက Power Bank 2 ဖြစ်ပြီး ဘက်ထရီ 10000 mAh နှင့် 18W Fast Charging ထောက်ပံ့ထားပါတယ်။ ဈေးနှုန်းက ၁၅ ဒေါ်လာ ဖြစ်ပါတယ်။

Related Articles