You are here

အရောင်းအဝယ် အက်ပလီကေးရှင်း OneKyat က ကားအရောင်းအဝယ်လုပ်နိုင်မည့် အစီအစဉ်ကိုစတင်

Apps
Launching news
Local

အွန်လိုင်းအရောင်းအဝယ် အက်ပလီကေးရှင်း OneKyat မှ ၎င်း၏ အမျိုးအစားစုံလင်လှသော လူအသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို ထပ်မံအားဖြည့်ရန် အက်ပလီကေးရှင်းအတွင်း ကားအရောင်းအဝယ်ကဏ္ဍကို ထပ်မံဖြည့်စွက်လိုက်ပြီဖြစ်ကြောင်း OneKyat ကသိရပါတယ်။ OneKyat အသုံးပြုသူများအနေဖြင့် အဝတ်အထည်မှ ကားအထိ အက်ပလီကေးရှင်းတစ်ခုတည်းမှ ပစ္စည်းအမျိုးအစားစုံစုံလင်လင်ကို ရောင်းသူ၊ ဝယ်သူ၊ လဲလှယ်သူတို့အချင်းချင်းတိုက်ရိုက် ချိတ်ဆက်၍ ရောင်းဝယ်လဲလှယ်နိုင်ပြီဖြစ်ပါတယ်။ 

OneKyat အက်ပလီကေးရှင်း၏ Founder နှင့် Chief Operation Officer ဖြစ်သူ ကိုသီဟရဲတင့်က “ကျွန်တော်တို့ OneKyat အွန်လိုင်းအက်ပလီကေးရှင်းမှာ ပစ္စည်းအမျိုးအစားစုံစုံလင်လင်နဲ့ အဝတ်အစားဖက်ရှင်၊ ဖုန်း၊ ပရိဘောဂ၊ အိမ်ခြံမြေ စတာတွေကနေ အခုလို ကားအရောင်းအဝယ် ကဏ္ဍတွေအထိ အောင်အောင်မြင်မြင် တိုးချဲ့လာနိုင်ခဲ့တာကို အရမ်းကိုပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါဟာလည်း ကျွန်တော်ဒီ အက်ပလီကေးရှင်းကို စတင်ရေးဆွဲခဲ့တုန်းက ရည်ရွယ်ချက်ထားခဲ့တဲ့အတိုင်း ပြည်တွင်းကလူငယ်တွေ ဈေးရောင်းဈေးဝယ်လုပ်သူတွေ လွယ်ကူအဆင်ပြေချောမွေ့စေဖို့နဲ့ အဲ့ဒီကမှတစ်ဆင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေဖို့ စေတနာထား တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့လို့ပဲလို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ 

အဆိုပါ OneKyat အက်ပလီကေးရှင်းပေါ်တွင် အင်္ကျီအဝတ်အစား၊ မိုဘိုင်းဖုန်း၊ ပရိဘောဂ လူအသုံးအဆောင်ပစ္စည်းအမျိုးအစားအပြင် ယခုကဲ့သို့ ကားနှင့်ဆက်စပ်ပစ္စည်းများကိုပါ ထပ်မံတိုးချဲ့လိုက်သဖြင့် ပစ္စည်းအမျိုးအစားစုံစုံလင်လင်ကို အက်ပလီကေးရှင်းတစ်ခုတည်းမှ ရောင်းချ၊ ဝယ်ယူ၊ လဲလှယ်နိုင်ပြီဖြစ်ပါတယ်။ 

ရွှေမင်းသား မော်တော်ယာဉ် ကားအငှားဝန်ဆောင်မှုလုပ်ငန်းပိုင်ရှင် ကိုကောင်းဆက်က “OneKyat ပေါ်မှာက ကားနဲ့ပတ်သက်လို့မဖြစ်နိုင်တဲ့ ဈေးနှုန်းနဲ့အချက်အလက်ပြည့်ပြည့်စုံစုံ မတင်ထားတဲ့ကားအရောင်းပို့စ်တချို့ရှိပေမယ့် app က လုံးဝအခမဲ့ဖြစ်ပြီး ကျွန်တော်တို့လိုကားဝယ်ချင်တဲ့သူတွေဘက်ကကြည့်ရင်ကားရောင်းမယ့်သူတွေနဲ့ ကားအရောင်းပို့စ်တွေအများကြီးရှိတော့အဆင်ပြေပြီး အသုံးတည့်ပါတယ်။” ဟု OneKyat အက်ပလီကေးရှင်း အသုံးပြုမှု အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ 

Related Articles