
Sony ဟာ လာမယ့်လမှာ မိခင်နိုင်ငံ ဂျပန်မှာ စမတ်ဖုန်းသစ်များ ကြေညာသွားပါမယ်။ လက်ရှိအချိန်မှာ Sony က မိတ်ဆက်လာမယ့် စမတ်ဖုန်းသစ်အမည်ကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် Sony Xperia 1s/Xperia S နှင့် Xperia 1v/Xperia V တို့ ဖြစ်လာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။
Sony ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ မိတ်ဆက်ပွဲပြုလုပ်မှာဖြစ်ပြီး S နှင့် V အမည်ပါ စမတ်ဖုန်းသစ်များကို မိတ်ဆက်လာမှာဖြစ်ပါတယ်။
Sony ဟာ ဂျပန်ဈေးကွက်အတွက် အထူးစမတ်ဖုန်းတစ်လုံး ဖန်တီးနေပြီး ယင်းဖုန်းမှာ OLED သုံးလာမှာ မဟုတ်ဘဲ LCD သုံးလာပါမယ်။ ယင်းဖုန်းမှာ Snapdragon 855 SoC ပါဝင်လာမယ်လို့ သိရပါတယ်။
ယင်းဖုန်းမှာ ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး ကင်မရာရဲ့အပေါ်မှာ LED Flash နှင့် Laser Auto Focus တို့ကို ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းလာမှာ ဖြစ်ပါတယ်။