You are here

အလုပ်သမား ၃၀၀၀ ခန့်ကို ZTE လျှော့ချသွားမည်

Mobile

တရုတ်ကုမ္ပဏီ ZTE ဟာ အလုပ်သမားဦးရေကို လျှော့သွားဖို့ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ZTE ဟာ အလုပ်သမားဦးရေ ၃၀၀၀ အထိ လျှော့ချသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ခန့်ထားတဲ့ အလုပ်အသမားအားလုံးရဲ့ ၅ ရာခိုင်နှုန်းကို လျှော့ချသွားမှာ ဖြစ်ပါတယ်။ ZTE ဟာ ဖုန်းလုပ်ငန်းမှ အလုပ်သမား ၆၀၀ ကို လျှော့ချသွားမှာ ဖြစ်ပါတယ်။

ZTE ဟာ တရုတ်နိုင်ငံမှာ ဈေးကွက်ရရှိမှု လျှော့နည်းလာမှုကြောင့် တရုတ်နိုင်ငံမှ အလုပ်သမားများကို အဓိကထား လျှော့ချသွားမှာ ဖြစ်ပြီး ယင်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချသွားပါမယ်။

ဒါ့အပြင် တရုတ်မီဒီယာအချို့က ZTE ဟာ ပြိုင်ဘက် ကုမ္ပဏီဖြစ်တဲ့ Huawei ထံမှ အလုပ်လျှောက်ဖို့ ကြိုးစားကြောင်း သိရတဲ့ အလုပ်သမားတွေကို ရာထူးမှ ထုတ်ပယ်နေကြောင်း ဖော်ပြလျက်ရှိပါတယ်။

မကြာသေးမီကာလတုန်းက ZTE ရဲ့ ဥက္ကဋ္ဌကိုယ်တိုင်က သူတို့ကုမ္ပဏီဟာ ၃၁ နှစ်တာကာလအတွင်းမှာ အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ၀န်ခံသွားခဲ့ဖူးပါတယ်။ 

Related Articles