You are here

၂၀၁၆ ခုနှစ်တွင် ဖုန်းအလုံးရေ ၂၂ သန်း Meizu ရောင်းချခဲ့ရ

Mobile

Meizu ဟာ အင်မတန်ကြီးကျယ်လှပတဲ့ ၂၀၁၆ ခုနှစ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။  Meizu ဟာ ၂၀၁၆ ခုနှစ်မှာ ရောင်းချခဲ့ရတဲ့ စမတ်ဖုန်း အရေအတွက်ကို ကြေညာလာခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ပိုမိုအောင်မြင်မှုရရှိဖို့ စီမံကိန်းအကြီးကြီးတွေ ရေးဆွဲနေပြီ လည်း ဖြစ်ပါတယ်။

Meizu ဟာ ယနေ့မှာ တရုတ်နိုင်ငံမှာ ပွဲတစ်ပွဲ ပြုလုပ်ခဲ့ပြီး ယင်းပွဲမှာ ၂၀၁၆ ခုနှစ်မှာ စမတ်ဖုန်း အလုံးရေ ၂၂ သန်း ရောင်းချခဲ့ရကြောင်း ကြေညာလာခဲ့တာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် Meizu အတွက် စံချိန်တင် ရောင်းချခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒီလို စံချိန်တင် ရောင်းချရမှုနှင့်အတူ Meizu ဟာလည်း တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ Meizu ဟာ တရုတ်ပြည် တွင်းမှာ အောင်မြင်မှုရရှိပေမယ့် နိုင်ငံခြားဈေးကွက်မှာတော့ ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။ Meizu တို့ ရောင်းချခဲ့ရတဲ့ ဖုန်းအလုံးရေ ၂၂ သန်းမှ ၁၀ ရာခိုင်နှုန်းသာ နိုင်ငံခြားမှာ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

Meizu ဟာ ၂၀၁၇ ခုနှစ်မှာ ဖုန်း ခြောက်မျိုး ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပြီး ယင်းထဲက တစ်မျိုးမှာ Snapdragon 625 နှင့် အထိုင်ချလာပါမယ်။

Related Articles