You are here

Samsung ၏ခေါက်နိုင်ကွေးနိုင်တဲ့ စမတ်ဖုန်းနှစ် အား ဒုတိယနှစ်ဝက်တွင် ကြေညာရန် သေချာနေပြီလား

Mobile
Technology

ပြီးခဲ့တဲ့ ရက်တုန်းက Samsung ဟာ သူတို့ရဲ့ ပထမဆုံး ခေါက်နိုင် ကွေးနိုင်တဲ့ စမတ်ဖုန်းကို ၂၀၁၇ ခုနှစ်ရဲ့ တတိယသုံးလ(သို့မဟုတ်) စတုတ္ထသုံးလမှာ ကြေညာမယ်လို့ inmya.com မှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒီနေ့လည်း ယင်းသတင်းလိုပဲ နောက်ထပ် သတင်းတစ်ပုဒ် ထွက်လာပြန်ပါတယ်။ ဒီနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Samsung ရဲ့ ပထမဆုံး ခေါက်နိုင် ကွေးနိုင်တဲ့ဖုန်းက ၂၀၁၇ ခုနှစ်က ဒုတိယနှစ်ဝက်မှာ ကြေညာလာမယ်လို့ သိရပါတယ်။ အခုလို သတင်းရင်းမြစ်မတူတဲ့ နှစ်ခုက တူညီတဲ့သတင်းတစ်ခုကို ဖော်ပြလာတာကြောင့် ဒီသတင်းက အမှန်ဖြစ်နိုင်တယ်လို့ ဆိုရပါမယ်။

Samsung ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်ကတည်းက ခေါက်နိုင် ကွေးနိုင်တဲ့ဖုန်း ထုတ်လုပ်ဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး ယင်းစီမံကိန်းကို Project Vally လို့ အမည်ပေးကာ လျို့ဝှက်စွာ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Project Vally စီမံကိန်းအား အပြီင်္းသတ်တဲ့အနေအထားသို့ ရောက်နေပြီလို့တောင် ယူဆရပါတယ်။

Samsung ဟာ ခေါက်နိုင် ကွေးနိုင်တဲ့ စမတ်ဖုန်းနှစ်မျိုး ထုတ်လုပ် ရောင်းချလာမှာဖြစ်ပြီး ယင်းဖုန်းနှစ်မျိုးလုံးကို Galaxy X အမှတ်တံဆိပ်နှင့် ဈေးကွက်ထဲမှာ ရောင်းချသွားပါမယ်။ ယင်းဖုန်းနှစ်မျိုးကို Galaxy X1 နှင့် Galaxy X1 Plus လို့အမည်ပေးထားပါတယ်။ ယင်းအထဲက တစ်မျိုးကို ယခုနှစ်မှာ မိတ်ဆက်ရောင်းချပြီး ကျန်တစ်မျိုးကို လာမယ့်နှစ်မှာ ရောင်းချပါမယ်။

Samsung ရဲ့ခေါက်နိုင် ကွေးနိုင်တဲ့ဖုန်းတွေမှာ 4K ရုပ်ထွက် အသုံးပြုထားပြီး လက်ချောင်း၊ မျက်နှာ၊ လက်ဖ၀ါးတို့နှင့် ဖုန်းဖွင့်နိုင်တဲ့ ဖုန်းလုံခြုံရေးစနစ် ထည့်သွင်းထားကြောင်း သိရပါတယ်။ 

Related Articles