You are here

ဧပြီလ တတိယအပတ်တွင် Samsung Galaxy S8 မိတ်ဆက်မည်လား?

Mobile
Samsung
Technology

ကွဲပြားတဲ့ သတင်းရင်းမြစ်နှစ်ခုမှာ သတင်းက တူညီနေပြီဆိုရင် ဒီသတင်းကို သတင်းမှန်လို့ ယူဆရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ Samsung Galaxy S8 ကို ဧပြီလ တတိယအပတ်မှာ မိတ်ဆက်လာမယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက Samsung Galaxy S8 ကို ဧပြီလ ၁၈ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့ထွက်ပေါ်လာတဲ့သတင်းအရ Samsung Galaxy S8 ကို ဧပြီလ ၂၇ ရက်နေ့ တနင်္လာနေ့မှ ဧပြီလ ၂၃ ရက်နေ့ တနင်္ဂနွေနေ့ အတွင်းကာလမှာ မိတ်ဆက်မယ်လို့ ရေးသားလာပါတယ်။

Samsung ဟာ Galaxy S7 လိုပဲ Galaxy S8 ကိုလည်း ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ကျင်းပမယ့် MWC ပွဲမှာ မိတ်ဆက်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း Note 7 အကြပ်ဆိုက်မှုကြောင့် ယင်းသို့အဖြစ်မျိုး နောက်ထပ်မ ကြုံအောင် Galaxy S8 ကို အသေအချာစစ်ဆေးမှု ပြုလုပ်ပြီးမှ ထုတ်လုပ်လိုတာကြောင့် ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Samsung ဟာ ဖေဖော်ဝါရီမှာ Galaxy S8 အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အရောက်ပို့ဖို့ ပံ့ပိုးကုမ္ပဏီတွေကို ပြောကြားထားပြီး မတ်လမှာ စတင် ထုတ်လုပ်ပါမယ်။ Samsung ဟာ Galaxy S8 ကို ဧပြီလ တတိယအပတ်မှာ မိတ်ဆက်ပြီး မေလမှာမှ ရောင်းချသွားပါမယ်။

မကြာသေးမီတုန်းက ထွက်ခဲ့တဲ့ သတင်းအရ Samsung ဟာ Galaxy S8 အလုံးရေ သန်း ၆၀ အထိ ရောင်းချရဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ 

Related Articles