You are here

iPhone 8 တွင် စတီးဘောင် အသုံးပြုသွားဖွယ်ရှိ

Apple
Mobile
Technology

iPhone နှင့်ပတ်သက်ပြီး ဟောကိန်းထုတ်ရာမှာ မာစတာအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ Ming-Chi Kuo က Apple ဟာ လာမယ့် စက်တင်ဘာလမှာ ထုတ်လုပ် ရောင်းချလာမယ့် iPhone 8 မှာ စတီးဖရိန်ကို အသုံးပြုလာမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် မကြာသေးမီကာလတုန်းကလည်း iPhone 8 မှာ စတီးဘောင် အသုံးပြုလာနိုင်တယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။

Apple ဟာ iPhone 8 အတွက် စတီးဘောင်ကို အမေရိကန်ကုမ္ပဏီ Jabil မှ မှာယူသွားပါမယ်။ Apple ဟာ စတီးဘောင် နောက်ဆုံးအသုံးပြုခဲ့တာ iPhone 4s မှာ ဖြစ်ပါတယ်။ iPhone 4s တုန်းက စတီးဘောင်ကို CNC က ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။  စတီးဘောင်က ပိုပြီးတော့ အကြမ်းပတမ်းခံတဲ့အပြင် ဒီဇိုင်းပိုင်းကို ပိုမိုလှပအောင် ထောက်ပံ့ပေးနိုင်တာ ကြောင့် အခုလို iPhone 8 မှာ စတီးဘောင် သုံးဖို့ Apple က ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

Apple ဟာ iPhone 8 ကျောဘက်ကိုလည်း မှန်ကို အသုံးပြုလာမှာဖြစ်ပြီး စတီးဖရိန်နှင့် မြင်တွေ့လာရပါမယ်။ Apple ဟာ အလူမီနီယံမသုံးဘဲ စတီးကို အသုံးပြုမှုကြောင့် ငွေကုန်ကြေးကျပိုပြီးတော့ များလာပါမယ်။ 

Related Articles