You are here

“အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုအတွက် ဆက်သွယ်ရေးနည်းပညာများ တစုတစည်းတည်း ဆန်းသစ်တီထွင်မှု” ဆွေးနွေးပွဲ ကျင်းပမည်

Local
Technology

ကမ္ဘာတစ်လွားရှိ ကုမ္ပဏီအများအပြားကို Video Conferencing နှင့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာဝန်ဆောင်မှုများ ပေးအပ်ရာတွင် ဦးဆောင်လျက် ရှိသည့် POLYCOM နှင့် DELTAPATH တို့မှ “အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုအတွက် ဆက်သွယ်ရေးနည်းပညာများ တစုတစည်းတည်း ဆန်းသစ်တီထွင်မှု” အမည်ရ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ Deltapath နှင့် Polycom တို့ ပူးပေါင်း၍ ပိုမိုကျယ်ပြန့်သော ဗွီဒီယို နှင့် မိုဘိုင်းဖုန်းခေါ်ဆိုမှု ဆိုင်ရာ နည်းပညာများကို ပေးအပ်သွားရန် နည်းဗျူဟာပိုင်းဆိုင်ရာ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နေပါ တယ်။ ဆက်သွယ်ရေးလုပ်ငန်း အားလုံးကို အသုံးပြုနိုင်မည့် အရင်းအမြစ်၊ ချိတ်ဆက်မှု နှင့် ဖြေရှင်းမှုများ အား ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ ပေါင်းစည်းမှု၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ၀န်ဆောင်မှုများ၊ cloud နှင့် အခြားသော စုပေါင်းဆောင်ရွက်နိုင်သည့် ဆက်သွယ်ရေးနည်းပညာများ နှင့် သက်ဆိုင်သည့် အစီအစဉ်များအား ရှင်းပြဆွေးနွေးပေးသွားမှာပါ။ ကျင်းပပြုလုပ်ပေးမယ့်နေရာနဲ့ အချိန်ကတော့ ယခုလ (၁၂) ရက်နေ့၊ Park Royal Hotel မှာဖြစ် ကြောင်း သိရှိရပါတယ်

Related Articles