You are here

LG G6 တွင် QHD+ ရုပ်ထွက် အသုံးပြုလာမည်ဟု အတည်ပြု

Mobile
Technology

တဖြည်းဖြည်းနှင့် LG G6 နှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ပဟေဠိတွေ အဖြေထွက်ပေါ်လာ လျက်ရှိပါတယ်။ ဒီနေ့မှာ LG Display ဟာ စမတ်ဖုန်းမှာ အသုံးပြုမယ့် ရုပ်ထွက် သစ်တစ်ခုကို ကြေညာလာခဲ့ပါတယ်။ ရုပ်ထွက်သစ်ကတော့ QHD+ ဖြစ်ပါတယ်။ ဒါ့အပြင် LG Display က အသစ်ဖန်တီးထားတဲ့ QHD+ ရုပ်ထွက်ကို LG ရဲ့လာမယ့် အဆင့်မြင့် စမတ်ဖုန်း ဖြစ်တဲ့ LG G6 မှာ အသုံးပြုလာမယ့် အကြောင်း ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

၅.၇ လက်မ LCD ဟာ စူပါရုပ်ထွက် တစ်လက်မလျှင် 654 P ပံ့ပိုးနိုင်ပါတယ်။ ဒါ့အပြင် 18:9 ရှိပါတယ်။ မျက်နှာပြင် ရုပ်ထွက် နှစ်မျိုး အသုံးပြုနိုင်တဲ့အပြင် Android 7.0 Nougat နှင့်လည်း တွဲသုံးနိုင်ပါတယ်။

LG ဟာ သူတို့ရဲ့ လာမယ့် အဆင့်မြင့် စမတ်ဖုန်း LG G6 ကို ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကျင်းပမယ့် Mobile World Congress မှာ မိတ်ဆက်လာဖို့ ရှိနေပါတယ်။

အစောပိုင်းကာလတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ LG G6 မှာ မျက်လုံးစနစ်၊ အဆင့်မြင့် အသံစနစ်၊ အဆင့်မြင့် ကျောဘက်ကင်မရာနှစ်ခုစနစ်တို့ သုံးလာပါမယ်။ Snapdragon 835 နှင့် အထိုင်ချလာနိုင်ပြီး RAM6GB အသုံးပြုလာနိုင်ပါတယ်။ 

Related Articles