You are here

Samsung Galaxy C5 Pro နှင့် Galaxy C7 Pro တို့၏ဒီဇိုင်းပေါက်ကြားလာ

Mobile
Samsung
Technology

Samsung Galaxy C5 Pro နှင့် Galaxy C7 Pro တို့ဟာ မိတ်ဆက်ဖို့ နီးကပ်လာတာနဲ့အမျှ သတင်းတွေကလည်း ဆက်တိုက် ထွက်ပေါ်လာလျက်ရှိပါတယ်။ Samsung စမတ်ဖုန်းတွေကတော့ ဆက်တိုက် ပေါက်ကြားမှုတွေဖြစ် ပျက်လျက်ရှိပါတယ်။ ဒီနေ့မှာလည်း နောက်ထပ် ပေါက်ကြားမှု တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ C Pro မိသားစုဝင်တွေရဲ့ တရားဝင် ဓာတ်ပုံတွေ ပေါက်ကြားလာခဲ့တာလည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲသို့ ရောက်နေပြီးဖြစ်တဲ့ Galaxy C9 Pro ရဲ့ဓာတ်ပုံနှင့်အတူ Galaxy C5 Pro နှင့် Galaxy C7 Pro ရဲ့ဓာတ်ပုံပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။

အခု ပေါက်ကြားလာတဲ့ ဓာတ်ပုံကို ကြည့်လိုက်မယ်ဆိုရင် Galaxy C5 Pro ၊ Galaxy C7 Pro နှင့် Galaxy C9 Pro တို့အကြား အရွယ်အစား ကွာခြားမှုကို သတိပြုနိုင်ပါမယ်။

Galaxy C5 Pro က မျက်နှာပြင် ၅.၂ လက်မ(သို့မဟုတ်) ၅.၅ လက်မရှိမှာဖြစ်ပြီး 1080 p ရုပ်ထွက်နှင့် ထောက်ပံ့ထားပါမယ်။ Qualcomm ရဲ့ Snapdragon 626 နှင့် အထိုင်ချထားမှာဖြစ်ပြီး RAM4GB ပါဝင်ပါမယ်။ ကျောဘက်ကင်မရာရော Selfie ကင်မရာပါ 16MP ဖြစ်ပါမယ်။ 3000 mAh ဘက်ထရီ ပါဝင်ပါမယ်။ C7 Pro ကတော့ မျက်နှာပြင် ၅.၇ လက်မဖြစ်လာဖို့ ရှိပါတယ်။  လက်ရှိအချိန်မှာ အခြားအချက်အလက်တွေနဲ့ပတ်သက်ပြီး မသိရသေးပါဘူး။ ဘက်ထရီ 3300 mAh ပါဝင်မယ်။ ဖုန်းနှစ်မျိုးစလုံးမှာ Android 6.0.1 Marshmallow ထည့်သွင်းထားပါမယ်။

Samsung Galaxy C5 Pro က ဒေါ်လာ ၃၄၆ ၊ C7 Pro က ဒေါ်လာ ၄၀၄ ဖြစ်မယ်လို့ သိရပါတယ်။ Samsung ဟာ ဒီဖုန်းနှစ်မျိုးကို တရုတ်နိုင်ငံမှာ အရင်ဆုံး ရောင်းချသွားမှာဖြစ်ပြီး ပြီးမှ ကျန်ဈေးကွက်တွေမှာ ဖြန့်ပါမယ်။ 

Related Articles