You are here

အဝေးပြေကားလက်မှတ်များကိုလွယ်ကူစွာဝယ်ယူနိုင်မည့်StarTicket Software မိတ်ဆက်

Apps
Mobile
Technology

မိုဘိုင်ဖုန်းရှိရုံဖြင့် ပြည်တွင်းကားလက်မှတ်များကို အလွယ်တကူဝယ်ယူနိုင်မည့် Mobile App တစ်ခုဖြစ်သည့် Star Ticket က အွန်းလိုင်ကားလက်မှတ်ရောင်းချင်သူများကိုငွေကျပ်တစ်သိန်းရှိရုံဖြင့်လုပ်ဆောင်နိုင်ကြောင်းကို ၎င်းတို့၏Star Ticket software နှင့် Agent Channel software များအကြောင်းမိတ်ဆက်ပွဲကို ဇန်န၀ါရီ ၁၀ရက်ပြည်လမ်းပေါ်ရှိJasminepalace Hotel တွင်ကျင်းပခဲ့သည်။

 StarTicket အနေဖြင့်၂၀၁၅ခုနှစ်တွင်စတင်ခဲ့ပါတယ်။ ကားဂိတ်ပေါင်း၄၀ကျော်၊CityExpress,ABC, G&G အစရှိသောဆိုင်ခွဲများအပြင် Travel Tour company  အခု ၂၀၀ကျော် ၊အိမ်ဆိုင်ပေါင်း ၁၀၀ ကျော်ဖြင့် လက်မှတ်ရောင်းချခြင်းကိုလုပ်ကိုင်နေခြင်ဖြစ်ပါတယ်။နည်းပညာအသုံးပြု၍ StarTicket တွင် Bus Management software, Agent App, Website,နှင့် Bus Management software တို့ကိုအသုံးပြုနိုင်ပါတယ်။ ထို့အပြင် ကားလက်မှတ်များကို MPU,VISA,Masterကဒ်တို့ဖြင့်ဝယ်ယူနိုင်ပါတယ်။

Related Articles