You are here

PC ဂိမ်းလောကကို ခေတ်ပြောင်းစေမည့် Razer ၏ မျက်နှာပြင် သုံးခုပါ လက်တော့ပ်များ အခိုးခံရ

Gadgets
Technology

လေ့စ်ဗီးဂက်စ်မှာ ကျင်းပနေတဲ့ CES 2017 မှာ Razer က ပြသခဲ့တဲ့ ပီစီဂိမ်းလောကကို တစ်ခေတ်ဆန်းသစ်စေမယ့် မျက်နှာပြင် သုံးခုပါ လက်တော့ပ်နှစ်ခု အခိုးခံခဲ့ရပါတယ်။

4K ရုပ်ထွက်သုံး မျက်နှာပြင် သုံးခုပါဝင်တဲ့ လက်တော့ပ်ဒီဇိုင်းပုံကြမ်းဟာ လက်တော့ပ်သမိုင်းမှာ မျက်နှာပြင်သုံးခုပါ ပထမဆုံး လက်တော့ပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် Razer ရဲ့ လက်တော့ပ်ပုံကြမ်းနှစ်ခုဟာ တနင်္ဂနွေနေ့က CES 2017 မှာ ပြသပြီးနောက် ခိုးယူခြင်းခံခဲ့ရပါတယ်။

Razer ရဲ့အမှုဆောင်ချုပ် မင်လင်းတန်က ၎င်းတို့ဟာ မျက်နှာပြင်သုံးခုပါ လက်တော့ပ် ပုံကြမ်းနှစ်ခု အခိုးခံရမှုနှင့်ပတ်သက်ပြီး အထူးအလေးထား စုံစမ်းစစ်ဆေးလျက်ရှိကြပါတယ်။ Razer ဟာ မျက်နှာပြင် သုံးခုပါ လက်တော့ပ်များကို ပြန်လည်ရရှိရေးအတွက် ခိုးယူတဲ့သူနှင့်ပတ်သက်ပြီး သတင်းပေးနိုင်လျှင် ဒေါ်လာ ၂၅၀၀၀ ပေးမယ်လို့ ဆုကြေး ကြေညာထားပါတယ်။

Razer ကုမ္ပဏီကို စင်္ကာပူနိုင်ငံသား စွန့်ဦးတီထွင်သူ မင်လင်းတန်က  တည်ထောင်ထားခြင်းဖြစ်ပြီး ကယ်လီဖိုးနီးယားမှာ အခြေစိုက်ပါတယ်။ Razer အမှတ်တံဆိပ်ပစ္စည်းများဟာ ဂိမ်းလောကမှာ နာမည်ကောင်း ရရှိနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခု ထုတ်လုပ်လာတဲ့ မျက်နှာပြင်သုံးခုပါ လက်တော့ပ်ကို Project Valerie လို့ အမည်ပေးထားပါတယ်။

ယင်းလက်တော့ပ်မှာ ၁၇.၃ လက်မရှိ 4K lGZO ရုပ်ထွက် သုံးထားပါတယ်။ Nvidia GeForce GTX 180 GPU ပါဝင်တာကြောင့် Nvidia Surround Sound စနစ်လည်း အသုံးပြုနိုင်ပါမယ်။ 

Related Articles