You are here

၁၀ နှစ်အတွင်း အဆိုးရွားဆုံး ၀င်ငွေရရှိမှုနှင့် HTC ကြုံတွေ့

Mobile

HTC ဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွက် ၀င်ငွေကို ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ HTC ရဲ့ဝင်ငွေက ယခင်လတွေတုန်းကလည်း အင်မတန်စိတ်ပျက်စရာကောင်းတဲ့ ကိန်းဂဏန်းဖြစ်နေပါတယ်။

ထိုင်ဝမ်ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွက် ၀င်ငွေ ဒေါ်လာသန်း ၂၀၀  ၀န်းကျင်သာ ရရှိပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာကထက် ၀င်ငွေနည်းပါးလျက်ရှိပါတယ်။

ပြောရမယ်ဆိုရင် HTC ရဲ့ဝင်ငွေပမာဏဟာ ၁၀နှစ်တာ ကာလအတွင်းမှာ အဆိုးရွားဆုံး ၀င်ငွေ ဖြစ်ပါတယ်။ HTC ဟာ ၂၀၁၆ ခုနှစ်မှာ အဆိုးရွားဆုံး ဘဏ္ဍာရေးနှစ်တစ်နှစ် နှင့် ရင်ဆိုင်ခဲ့ရတာကြောင့် ယခုနှစ် ၂၀၁၇ ခုနှစ်မှာ အလှည့်အပြောင်းဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။ 

Related Articles